Showing posts with label Nostalgia. Show all posts
Showing posts with label Nostalgia. Show all posts

Friday, February 19, 2010

အမှတ်တရဟင်းလျာ


သေသေချာချာတော့မမှတ်မိတော့ဘူး..။4-th Year လောက်တုန်းက Field ဆင်းရတော့..ကျောက်ဆည်ဘိလပ်မြေစက်ရုံကိုဆင်းရတယ်..။ ကျောက်ဆည်ဘိလပ်မြေစက်ရုံ တစ်ခု တည်း တင်မဟုတ်ပဲ.. ကျောက်ဆည်စက်မှုဇုန် မှာ ရှိ တဲ့ တခြားစက်ရုံ တွေကို ပါသွားရတယ်..။ ကျောက်ဆည် မှာ ဆွေမျိုး တစ် ယောက်ရှိ တော့ သူတို့ ဆီက အကူအညီ ရတဲ့အခါ တွေလည်း ရခဲ့ တယ်..။ သူတို့အိမ် မှာ တစ်ခါတစ်လေ.. ထမင်းဖိတ်ကျွေးလို့ သူငယ်ချင်း တွေ နဲ့ အားမနာ ပါး မနာ သွားစား ခဲ့ ဖူး တာလည်း ရှိ တယ်...။ နွားထိုး တို့လည်း အပါအ၀င်ပေါ့..။ အဲ့ဒီ့တုန်း က ပထမဆုံး ထမင်း ဖိတ်ကျွေး တော့.. ချက် ထား တဲ့ ဟင်းတွေ က လည်း နည်း တာ မဟုတ် ဘူး..။ နို့ခဲချက် ၊ ကြက်၊ ၀က် နဲ့ တခြားခြား ဟင်းအတိုအထွာလေး တွေ က လည်း နည်း တာ မဟုတ် ဘူး..။ အန်တီမာ က လည်း ဟင်းချက် တာ ကလည်း တော်တော် ကောင်းတာလေ..။ အခုအချိန် အထိ အန်တီမာ့ ဟင်းဆိုရင် သူငယ်ချင်းတွေ ဆုံတိုင်း စကားစပ်မိ တိုင်း သတိရ နေ သေး တယ်..။ အဲ့ဒီ့ တုန်း က အန်တီမာ ချက် တဲ့ ဟင်းတွေ ထဲ မှာ ၀က်သားအချိုချက် တာကို တော်တော်လေး သဘောကျခဲ့ တယ်..။ တော်တော်လေးစားကောင်းလို့ အခုအချိန်အထိ အမှတ် ရ နေ ခဲ့ တယ်..။ ဘယ်လို ပြော ရ မှန်း ကို မသိ ပေမယ့် မမေ့နိုင် တဲ့ ဟင်းလျာတွေထဲ မှာ တစ်ခု အပါအ၀င် ဖြစ်ခဲ့ တယ်လို့ ပြော ရင် လွန်လေမလား မသိ ပါဘူး..။ အဲ.. အခု လည်း ကျွန့်တော့်အတွက် နောက်ထပ် အမှတ် ရ နေ မယ့် ၀က်သား ဟင်းလေး တစ်ခွက် ကြောင့် အခု လို အမှတ် တရ တွေကိုပြန် ရေး မိ တာ..။အခု လို အစားအသောက်နဲ့ပတ်သတ်ပီး တစ်ခါမှ မရေးဖူးပေမယ့် (အရင်တုန်း က blogging လုပ်တုန်းက လည်း မရေးဖူး ဘူး)..အခု တစ်ခါ မှာတော့ အမှတ် တရ ၀က်သားဟင်း တွေ ထဲ မှာ တစ်ခု အပါအ၀င်ဖြစ် တဲ့ အခု ၀က်သားဟင်းလေးတစ်ခွက် ကို.. အမှတ် တရ အဖြစ် အခုပို့စ်ကို တင်ဖြစ်ပါတယ်..။

Read More...

Saturday, November 28, 2009

A ChirstmasCarol


မနေ့(၂၇.၁၁.၂၀၀၉)ကA Christmas Carolဆိုတဲ့ ရုပ်ရှင်ကြည့်ဖြစ်တယ်..။
ခရစ်စမတ်နီးလာတာရယ်..၊တခြားဇာတ်ကားတွေမကြည့်ချင်ဘူးဆိုတာရယ်ကြောင့်
..ဒီဇာတ်ကားလေးကိုပဲကြည့်ဖြစ်လိုက်တယ်..။ စာရေးဆရာကြီး ချားဒစ်ကင်းရဲ့ ၀ထ္တု ထင်တယ်..။ဖေဖော်ဝါရီ ၂၀၀၄ မှာစရိုက်ပြီးတော့ ၊နိုဝင်ဘာ ၄ရက် ၂၀၀၉မှာ ထွက်လာတယ်လို့သိရတယ်..။Animation တော်တော်ကောင်းတာကိုတွေ့ရတယ်..။တော်တော်လည်းသဘောကျတယ်.။
ဘာပဲဖြစ်ဖြစ်..၊ဒီဇာတ်ကားလေးက အမှတ်တရ တစ်ခု အဖြစ်အမြဲရှိနေ မှာဖြစ်လို့..အခုလို မှတ်တမ်းတင်ထားလိုက်တာပါ..။

Read More...

Sunday, July 29, 2007

Good Bye Moscow.

ကျွန်တော် ဒီပို့စ်လေး ကိုအမှတ်တရ တစ်ခု အနေ နဲ့ရေးပါတယ်..။ ကျွန်တော့် မှာ စာရေးခြင်း အနုပညာ (art of writing ) ဆိုတာ မရှိပါ..။
အခု ပို့စ်လေး ကိုတော့ ကျွန်တော့် စိတ်ထဲမှာ ရှိနေသော ခံစားချက်များ အတိုင်း တင်လိုက်ပါတယ်..။
ကျွန်တော် နဲ့ နှစ် နှစ်တာ ကာလအတွင်းမှာ လို အပ် တာ မှန်သမျှ ကို ကူညီပေးခဲ့ သော Ko TNS, Ko NLA , Ko MT,Ko AKS ,Ko ZZL ,Ko KZYS, Ko HHA ,Ko KZL, Ko TH နဲ့ Ko KKA တို့ ကို ကျေးဇူး အများကြီးတင်ပါတယ် ဆို တဲ့ အကြောင်း ပြောလိုပါတယ်..။
ပြီးတော့ တစ်ခါတစ်ခါ မှာ ကျွန်တော် စိတ်တိုတို နဲ့ ပြော ခဲ့သမျှ ကို သည်းခံ ခွင့်လွှတ်ပေး ခဲ့ ပေး တဲ့ သူငယ်ချင်း ၅-ယောက် ကို လည်း လုံးဝ မေ့ သွားမှာ မဟုတ် ပါ..။
ကျွန်တော့် နဲ့ ၅နှစ်တာ ကာလမှာ တွေ့ ကြုံ လာခဲ့ရုံ သာမက အခု ထက်တိုင် ကျွန်တော့် အပေါ် မှာ စေတနာ အပြည့် ဖြင့် ကူညီ ခဲ့ ကျ တဲ့ ၇၄-ယောက်သော သူငယ်ချင်း များ အားလုံး ကို အများကြီး ကျေးဇူးတင်ကြောင်း ပြော လို ပါတယ်..။
နောက် ပြီးတော့ ကျွန်တော့်၏ ချစ်ရ ပါသော ဆရာမကြီး Nina Peterovvana ကိုလည်း အမြဲတမ်း အမှတ်ရ နေမှာဖြစ်ပါတယ်..။
ခဏ တာသာ တွေ့ ခဲ့ ရ သော ကျွန်တော့်ရဲ့ ဆရာ ကြီး Macilekov ကိုလည်း သတိတရ ရှိေ န မှာ ပါ..။
နောက် ထပ် မမေ့ နိုင်မှာ တစ်ခု ကတော့ မော်စကို ဆောင်း ရာသီ နဲ့ နွေဦးည များ ဖြစ်မယ်ထင်တယ်..။ နောက်တစ်ခု ကတော့ ကျွန်တော် အရမ်းသွားချင် တဲ့ ၊ မရောက်လိုက်တဲ့ စိန့်ပီတာစဘတ် ရဲ့ နေမ၀င်ညများ သတိရ နေ မှာဖြစ်ပါတယ်.။
မည်သူ ကို မှ ထိခိုက် လိုခြင်း ..၊ အဆိုးမြင် စေခြင်းများ ၊ တိုက်ခိုက် လိခြင်းများ နဲ့ ဒီပို့စ် ကို တင် တာ မဟုတ် ပါ ဘူး..။ ကျွန်တော့် အရေးအသားများ လိုအပ်တာရှိနေ ရင် သည်းခံ ပေး ကြ ပါရန် ဘလော့ဂါ များ ကို မေတ္တာရပ်ခံ ပါတယ်..။

Read More...

Friday, May 18, 2007

ဆရာ မင်း လူ ပရိသတ် များ အ တွက်

ဒီ နေ့ က တော့.. ကျွန် တော် အ ရမ်း ကြို က် တဲ့ ဆ ရာ မင်း လူ ရဲ့ မွေး နေ့ ဖြစ် ပါ တယ်..။ ကျွန် တော် လို ဆရာ မင်း လူ ရဲ့ ပရိသတ် များ ကို သ တိ ရ စေ ချင် လို့ ပါ ..။ သူ တို့ ညီ အစ် ကို ၃ ယောက် လုံး ရဲ့ စာ တွေ ကို ကျွန် တော် ကြိုက် ပါ တယ်..။
ဆရာ မောင်ဝဏ္ဏ၊ ဆရာ သု မောင် တို့ ပါ ..။ ကျွန် တော် သိ သ လောက် လေး ကို တင် လိုက် တာ ပါ..။ဒီ ပို့စ် လေး က ဆရာ မင်း လူ ရဲ့ သဘာဝ ကျ တဲ့ ဟာ သ လှ လှ လေး တွေကို ကြိုက် နှစ် သက် တဲ့ ဆရာ မင်း လူ crazy များ အ တွက် ရည် ရွယ် ပါ တယ်..။

Read More...

Thursday, May 17, 2007

SNAFU

ဒီ နေ့ ဘယ် လို ဖြစ် မှန်း ကို မ သိ ပါ ..။ စိတ် ရိုင်း တွေ ၀င် နေ လား လို့ ကို ကိုယ့် ကိုယ် ကို ထင် မိ ပါ တယ်..။ ကျွန် တော့် သူ ငယ် ချင်း တစ် ယောက် ကို အော် ထုတ် ပစ် လိုက် မိ တယ်..။ တော် တော် လေး ကို လည်း စိတ် အ ချဉ် ပေါက် နေ တယ် ဗျာ..။ ပြီး တော့ ကျွန် တော့် ကြောင့် ( ကျွန် တော့် ပို့စ် မှာ ပါ တဲ့ အ မှား လေး တစ် ခု ကြောင့်) window ချ လိုက် ရ တယ် ဆို တာ ကို လည်း တ ကယ် စိတ် မ ကောင်း ဖြစ် မိ ပါ တယ်..။ သူ တစ် ပါး တွေ ကို ဒု က္ခ ပေး တာ တွေ အ ခု ရက် ပိုင်း တွေ မှာ တော် တော် များ နေ တယ် လေ..။ တကယ့် ကို ပြဿဒါး တွေ ဖြစ် နေ တယ် ထင် ပါ တယ်..။
ကျွန် တော် လည်း တော် တော် လေး ကို ဖောင်းလ် ဖြစ် နေ တာ တွေ များ နေ ပြီ ဗျာ..။ဖောင်း တယ် ဆို တာ မြန် မာ မှာ တော် တော် လေး ကို ရောက် နေ တဲ့ ဖောင်းလ် (foul) ဆို တဲ့ စကား ပါ ..။ စည်း ကမ်း ဘောင် လွတ် ခြင်း..၊ မ တရား ပြု ခြင်း..၊မနှစ် သက် စရာ ဖြစ် ခြင်း ဆို ပြီး လို့ ထင် ပါ တယ်..။ ပါး စပ် ပုတ် ကြီး နဲ့ မဦး မ ချွတ် ပြော တာ ကို foul-mouthed လို့ တင် စား တယ် လို့ လည်း ကြား ဖူး ပါ တယ်..။ ကျွန် တော် တို့ ၁၀ တန်း တုန်း က ဆရာ တစ် ယောက် ပြော ခဲ့ တာ ပါ ..။
foul နဲ့ ပတ် သတ် ပြီး မှတ် သား စရာေ လး တစ် ခုရှိ ပါ သေး တယ်..။ SNAFU ဆို တဲ့ စ ကား လုံး လေး ပါ..။ "Situation Normal,All Fouled Up " ဆို တဲ့ စ ကား လေး ပါ..။ " အ ခြေ အ နေ က တော့ ပုံ မှန် ပါ ပဲ..၊ဒါ ပေ မယ့် အား လုံး ရှုပ် ထွေး ကုန် တယ် " လို့ ဆို လို ပါ တယ်..။ ၁၉၄၁ လောက် တုန်း က အမေရိ ကန် စစ် တပ် မှာ သုံး နှုံး ခဲ့ တာ လေး လို့ ဖတ် ရ ပါ တယ်..။ operator သမား john က နေ Don ဆို တဲ့ operator ဆီ ကို ပေး ပို့ ခဲ့ တာ ပါ..။
ကျွန် တော် လည်း အ ခု လည်း အ ခြေ အ နေ က တော့ ပုံ မှန် ပါဘဲ..၊ ဒါ ပေ မယ့် တော် တော် လေး ကို ရှုတ် ထွေး နေ ပါ တယ် ..။ပြန် ဖြေ လို့ရ တန် ကောင်း ပါ ရဲ့ လေ.. လို့ မျှော် လင့် ပါ နေ ပါ သေး တယ်..။ စိတ် က သိ က အောက် ဖြစ် ရ ပါ တယ်..၊ စိတ် က သိ က အောက် တွေ ဖြစ် တာ တွေ များ လာ ရင်..
သော က(Stress ) နဲ့ စိတ် တင်း မာ မှု (Strain) တွေ ရ လာ နိုင် ပါ တယ်..။ ကျွန် တော် လည်း အ ခု ဖြစ် နေ တာ တွေ ကို ပြေ လည် အောင် ညှိ နှိုင်း တတ် ချင် ပါ တယ်။ ဘ၀ ဆို တာ ပြေ လည် အောင် ညှိ နှိုင်း တတ် မှု လို အပ် ပါ တယ်.လို့ ဖတ် ဖူးပါ တယ်..။ ကိုယ့် ပတ် ၀န်း ကျင် နဲ့ စေ့ စပ် ပြေ ငြိမ်း ရေး တ မျိုး လုပ် တတ် ဖို့ ပါ..။ ကျွန် တော် အ များ ကြီး လို ပါ သေး တယ်..။

Read More...

Saturday, May 12, 2007

Wish

မေ လ ၁၂ ရက် မှာ ကျ ရောက် တဲ့ သူ ငယ် ချင်း စွပ်စွပ် ရဲ့ မွေး နေ့ မှ သည်...၊နောင် လာ မည့် မွေး နေ့ များတိုင်အောင်.. ၀က် ပု နှင့် တ ကွ ကြည်ကြည် နူး နူး ကျော် ဖြတ် နိုင် ပါ စေ ဆု တောင်း ပေး လိုက် ပါ တယ်.။

Read More...