Showing posts with label tips and tricks. Show all posts
Showing posts with label tips and tricks. Show all posts

Tuesday, July 24, 2007

ဝှက်ကြည့် မယ်

ဒီနွားလှည်းပုံလေး အောက်မှာ ၀ှက်ထားတာလေးတစ် ခုရှိပါတယ်..။ဒီ ပုံလေးကို မူလပုံ အတိုင်း ချဲ့ပြီး save image as နဲ့ သိမ်းပြီး win rar နဲ့ဖွင့် ကြည့်ပါ..။ ရိုးရိုးတန်းတန်း ဆိုရင်တော့ ဓာတ်ပုံ လေးတစ်ပုံ အနေ နဲ့ဖွင့် နိုင်ပါတယ်။ ဘာလေးကျလာမလဲ ဆိုတာကိုတော့ စမ်းသပ်ကြည့်စေချင်ပါတယ်..။


ဒီပို့စ်လေး ကတော့ ရိုးမလိုလို နဲ့ဆန်းမယ်လို့ထင်ပါတယ်.။ မိမိ မသိစေချင်တဲ့အရေးကြီး အချက်အလက်တွေ ကိုအခု ပို့စ်မှာ ပါတဲ့ အတိုင်း ၀ှက်ထားလို့ တော့ရတယ်..။ အဲ...တစ်ခုတော့ ရှိတယ်..။delete လုပ်မိရင်တော့ ပါ သွားမှာ တော့ သေချာတယ်..။ ကျွန်တော် ဆိုလိုတာက ဓာတ်ပုံတစ်ပုံ ရဲ့ အောက်မှာ မိမိ ၀ှက်ချင်တဲ့ အချက်အလက်တွေ ကို RAR အနေနဲ့ဝှက်ထား မယ် ကိုပြောတာ။
၁-အရင်ဆုံးလုပ်ရမှာက မိမိကြိုက်နှစ်သက်ရာ ဓာတ်ပုံ တစ်ခုကို ရွေးပါ။
၂-မိမိ ၀ှက်လိုတဲ့ အချက်အလက်(သို့) စာရွက်စာတမ်း(သို့) ဓာတ်ပုံ ...အစရှိသဖြင့် တစ်ခုခု ကို folder တစ်ခု
ထဲ ကို ထည့်ပြီး အဲ့ဒီ့ ဖိုလ်ဒါ ကို rar/zip လုပ်လိုက်ပါ.။( password ပေးချင်ရင်လည်း ပေးလိုက်ပါ ။ )
၃-ပြီးရင်တော့ ခုနက ရွေးထားတဲ့ ဓာတ်ပုံ ရယ်..၊ rar ရယ် ကိုdriveတစ်ခုထဲမှာ တူတူထားလိုက်ပါ..။
(ကျွန်တော်က တော့ လွယ်အောင် C:\ ထဲမှာ အဲ့ဒီ့နှစ် ခုလုံး ကိုချလိုက်တယ် )
၎-နောက်ပြီးရင်တော့ command prompt ကိုခေါ် လိုက်ပါ ။
၅-အဲ့ဒီ မှာ directory ခေါ်လိုက်ပါ ( .....\cd\ ဆိုပြီးရိုက်ခေါ်လိုက်ပါ )
၆-ပြီးရင်တော့ copy /b (မိမိရွေးထားတဲ့ ပုံ) +(rar လုပ်ထားတဲ့ဖိုင်လ်) (မိမိကျစေချင်သော ပုံ ) (Enter )
၇-ပြီး ပါပြီ..။

ရှုပ်နေတယ်ဆို ရင်တော့ အောက် ကကျွန်တော်ရိုက်ထားတဲ့ command prompt ကိုကြည့်ပြီး တော့လုပ်နိုင်ပါတယ် ခင်ဗျာ..။


ဒါလေး ပါပဲ..။
ကျွန်တော်သိထားတာလေးကိုပြန်လည်တင်ပြတာဖြစ်ပါတယ်..။ လိုတာလေးများရှိရင် ဝေဖန်အကြံ ပေးနိုင်ပါ တယ်..။

Read More...

Sunday, July 22, 2007

swf in powerpoint

အခု တင်မယ့်ပို့စ်လေး ကတော့သိပြီးသားဖြစ်မယ်လို့ထင်ပါတယ်..။ သိပြီးသားကို ဘာလို့ထပ်တင်တာလဲ လို့မေးရင် တော့...သတိမထား မိတဲ့သူများအတွက်တင်တာပါ လို့ပြောချင်ပါတယ်...။

တလောက သူငယ်ချင်းတစ်ယောက် ကflash(swf-shockwave flash) လေးတွေ ကို မေးလ်ကနေ သူ့သူငယ်ချင်းဆီ ကို ပို့တယ်..။ဒါပေမယ့် သူ့ သူငယ်ချင်းစက် မှာ flash player မရှိတော့ unknown format အနေနဲ့ ပေါ် နေပြိးတော့ ဖွင့်လို့မရဘူးဖြစ် နေတယ်တဲ့..။
တကယ်တမ်း swf ကို flash exe လုပ်ပြီးပို့ရင် တော့ ဘယ်စက်မှာမဆို အဲ့ဒီ့ flash လေးကိုဖွင့်လို့ရတယ်။ exe ကို ကျတော့ မေးလ်တွေ ကနေ ပို့လို့မရတော့ခက်သွားပြန်ရော..။( တခြား file delivery တွေ ကနေ ပို့ရင်တော့ရပါတယ် )..။
အဲ့ဒီ့ အကြောင်း ကို ဟိုတစ်လောက စကားစပ်မိသွားတော့ ကျွန်တော့် သူငယ်ချင်းက မေးတယ်..။ flash player မရှိဘဲနဲ့ ကြည့်လို့ ရတဲ့ နည်းလေး မသိဘူးလားတဲ့..။ ကျွန်တော် က လည်း သိပ်သိ တာလည်း မဟုတ်..( သိတာက လည်းယောင်တောင်တောင်ရယ် ) ၊ အဲ့ဒါ နဲ့ ဒီနည်းလေး လုပ်ကြည့်ကွာ ဆိုပြီးတော့ ပြောလိုက် တယ်..။
Powerpoint ထဲမှာ flash embedded လုပ်ကြည့်တဲ့ နည်းလေးပါ..။စက်တိုင်းမှာ flash player မရှိပေမယ့် Microsoft Office ကိုတော့ တင်ထားကြမယ်၊ ရှိမယ်လို့ တော့ထင်ပါတယ်..။အဲ့ဒါ မို့လို့ ဒီ လိုလုပ်တာကို သိပြီးသားသူများ အတွက် ကတော့ဘာမှ မထူးခြားပေမယ့် သတိမထားမိသူများအတွက် ကတော့ အသုံးဝင်ကောင်းဝင်မယ် လို့ထင်ပါတယ်..။


အရင်ဆုံး လုပ်ရ မှာက powerpoint အသစ်လေးတစ်ခုထုတ်လိုက်ပါ..။
ပြီးရင်တော့ View > Toolbars > Control toolbox ကိုရွေးပါ။

ပြီးရင်တော့ More controls မှတဆင့် ကျလာ သော shockwave flash object ပုံပါအတိုင်းရွေးလိုက်ပါ..။

နောက်ပြီးရင် လုပ်ရမှာကတော့ layout ပေါ်မှာ မိမိလိုချင်တဲ့ အတိုင်းအတာတစ်ခု ကို drag နဲ့ ထောင့် မှန်တြိဂံ တစ် ခုလောက်ဆွဲလိုက်ပါ..။ထို့နောက် right click > properties ကိုပုံပါ အတိုင်းရွေးပေးပါ..။

ဒီ ဘောက်စ် လေးပေါ်လာမှာဖြစ်ပါတယ်.။အဲ့ဒီ့ ကမှ တဆင့် custom ကို နှိပ် လိုက်ပါက property pages ဆို တာလေးထပ်ပေါ် လာပါလိမ့်မယ်..။
အဲ့ဒီ မှာ မိမိထည့်ချင် သော swf ရှိတဲ့target ကို Movie URL ဆိုတဲ့ နေရာမှာမှာ ထည့်ပါ. extension ကို
.swf (dot swf) နဲ့ ပိတ်ပါ..။အဲ့ဒီ မှာ မိမိလိုတဲ့ အတိုင်းအတာ တွေ ကို လိုသလိုဖြည့်နိုင်ပါတယ်.။
ပြီးရင်တော့
အခု ပုံမှာ ပါတဲ့အတိုင်း မိမိတင်ထားတဲ့ swf ပေါ် လာပါလိမ့်မယ်။အဲ့ဒါ ဆိုရင်တော့နောက်ဆုံး လုပ်ရမှာ ကတော့ F5 နဲ့ slide show ကိုကြည့်ပြီးတော့ပြန်လည် သုံးသပ်နိုင်ပါတယ်..။ကျေနပ်ပြီဆိုရင်တော့ File > Save as နဲ့ သိမ်းလို့ရ ပါပြီ..။ flie type ကိုတော့ persentation အနေနဲ့ သိမ်းဖို့ ကိုတော့မမေ့ ပါနဲ့..။
ဒါ ဆိုရင်တော့ မိမိပို့လိုတဲ့ swf လေးတွေ ကို powerpoint အနေနဲ့ ပို့နိုင်ကြပါပြီ...။( မိမိ ပို့ လိုက်တဲ့သူ ဆီမှာတော့ powerpoint ကတော့ ရှိပြီးသားဖြစ် နေရင် ကောင်းကောင်းကြည့်လို့ရပါပြီ )

ကျွန်တော်သိထားတာလေးကိုပြန်လည်တင်ပြတာဖြစ်ပါတယ်..။ လိုတာလေးများရှိရင် ဝေဖန်အကြံ ပေးနိုင်ပါ တယ်..။

Read More...

Wednesday, June 27, 2007

တီရှပ်ခေါက်ရအောင်

တွေ့ထားတာလေးကတော့တော်တော်လေးကိုကြာနေပါပြီ..။

ဘာလဲဆိုတော့.. ရိုးရိုးလေးနဲ့ဆန်းတယ်လို့ထင်တာလေးတစ်ခုပါ..။

ကျွန်တော်တို့ ၀တ်နေတဲ့ တီရှပ်လေးတစ်ထည်ကို ခဏလေးနဲ့မြန်မြန်လေးခေါက်ကြည့်ရအောင်ပါ..။

Read More...

Sunday, June 24, 2007

ဘလောခ့် ပို့စ်များကို Backup လုပ်ခြင်း

အရင်တခါတုန်း က ကိုဘုရင့်နောင် ကတင်ဖူးတယ်..။ An easy way to backup your blog ဆိုတဲ့ ပို့စ်တစ်ခုပါ..။ အခု တစ်ခါ မှာ လည်း ကျွန်တော် လိုက်ဖတ်ရင်းနဲ့ ပို့စ်လေးတစ်ခု သွားတွေ့ပါတယ်..။ မိမိရေးထားတဲ့ ပို့စ်လေးတွေ ကို မိမိရဲ့စက်ထဲမှာ ပြန်သိမ်းထားချင်တဲ့အခါမှာတော့ ဆော့ဖ်ဝဲ လေးတစ်ခု ကို သုံးပြီးတော့ သိမ်းလို့ ရပြီဆိုတာကိုတွေ့လိုက်တာပါ..။ မိမိ ရဲ့ post လေးတစ်ခုထည်းကို ကွက်ပြီး တော့ backup လုပ်လို့ရသလို..၊ blog per file အနေ နဲ့ လည်းပြန်လုပ်လို့ရပါတယ်..။ ဒါမှမဟုတ်ရင်တောင် မိမိစရေးထားစဉ် ကတည်းက ပို့စ်အားလုံး ကိုလည်းလုပ်နီုင်ပါတယ်..။ သူ့ နောက်ထွက်လာမယ့်version ကတစ်ခါတည်းကို pdf အနေ နဲ့ တောင်တန်းလုပ်ပြီးတော့ သိမ်းထားလို့ တောင်ရပြီ လို့ ကို ပြော ထားပါတယ်..။ အခုလောလောဆယ် သုံးကြည့်ချင်တယ်ဆိုရင်တော့ codeplex.com/bloggerbackup မှာသွားရောက်လေ့လာနိုင်ပါတယ်..။ အဲ့ဒီမှာ ပဲတစ်ခါတည်း Blogger Backup Utility ကို ဒေါင်းလုတ် လုပ်နိုင်ပါတယ်..။

Read More...

Friday, June 15, 2007

GUIDE TO LACING

ဖိနပ်ကြိုးလှလှလေးတွေချည်ကြည့်လို့ရပါတယ်..။ပုံလေးတွေမှာပါတဲ့အတိုင်းလိုက်ချည်ကြည့်လို့ရပါတယ်..။
ပိုပြီးတော့ စိတ်ဝင်စားတယ်ဆိုရင်တော့

အောက်က link လေးတွေမှာသွားကြည့် လို့ရပါတယ်..။

































http://www.shoe-lacing.com/shoelace/index.htm
http://www.sneakerfreaker.com/articles/856/

Read More...