Showing posts with label Tech:. Show all posts
Showing posts with label Tech:. Show all posts

Saturday, May 8, 2010

Ubuntu 10.04


ဘလော့ခ် မရေးဖြစ်တာ တော်တော်ကြာနေတာနဲ့ သတိရတုန်းလေးပြန်ရေးဖြစ်တယ်.. ။ မရေးဖြစ်ပေမယ့်ဖတ်နေကျဘလော့ခ်လေးတွေကို တော့ သွားဖတ်ဖြစ်တယ်..။ အခုနောက်ပိုင်း ဖတ်စရာ မြန်မာ ဘလော့ခ်တွေတော်တော်များလာတာကို သတိထားမိတယ်..။ ဘလော့တစ်ခုဆိုတာကလည်း ဖတ်တဲ့သူ ရှိမှ ပို ပြီး အသက်ဝင်မှာလေ..။ အခုလိုမျိုး နှစ်လ နေ မှ တစ်ခါ တောင် မတင်ဖြစ်တဲ့ဘလော့ ကို ဘယ်သူက လာဖတ် ပါ့ မလဲ... ။ အခု လောလောဆယ်လုပ်ဖြစ် နေ တာ က.. Ubuntu 10.04 ကို စမ်းသုံးကြည့်နေ တယ်..။ အခု ပို့စ်ကို လည်း ဇော်ဂျီဖွန့် နဲ့ ဇော်ဂျီ လက်ကွက် တင်လို့ ရ တာ နဲ့ စမ်းရင်း နဲ့ တင်လိုက် တာ လည်း ပါတယ်..။
Ubuntu 10.04 မှာအရင် က နဲ့မတူ တာ က.. Close , Maximize , Minimize ခလုတ်တွေ က ဘယ်ဖက် ကို ရောက် ကုန် တာ..။ အခု တော့ ကိုယ့်ဖာသာ ကိုယ် ပဲ ညာဖက် ကို ပြန်ပို့ ထား တယ်..။ မသုံး တတ် လို့..။ TouchScreen support လုပ်တယ်လို့ဖတ်ဖူး ပေမယ့် အခု ကွန်ပြူတာ လေး က support မလုပ်တာ နဲ့ စမ်းလို့ မရ ဘူး ပေါ့..။ နောက်ပီး တင် ထား တာ က လည်း Virtual Machine နဲ့ တင် ထား တာဆို တော့လည်း..ကိုယ်စမ်းချင်တာလေး တွေ ကိုအတောသတ်ထားလိုက်တယ်..။

Read More...

Tuesday, October 27, 2009

Liberkey

စာလိုက်ဖတ်ရင်း နဲ့..အသုံးဝင်မယ့် လင့်ခ်လေးတစ်ခု တွေ့လိုက်တယ်..။သိပြီးသား သူတွေ သိ ပြီးဖြစ် နေ ပေမယ့်..၊မသိသေး တဲ့ သူများ ဖတ်မိရင် တော့.. အသုံးဝင်မယ်ထင်လို့ဒီ ပို့စ်လေးကိုတင်ဖြစ်သွား ပါ တယ်..။
တချို့ က ဆော့ဖ်ဝဲဆိုရင်..အရူးအမူးဖြစ်တတ်ကြ တဲ့ သူတွေရှိ ပါ တယ်..။ USB ထဲ ထည့်သွားလို့ရ တဲ့ Portable software နဲ့ပတ်သတ်ပြီး အရင်တုန်း က ကျွန် တော်သိ ထား တာ က..
http://portableapps.com/ လောက်ပဲ သိ တာ ပါ..။
အခု ကျွန် တော်ပြောချင် တဲ့ လင့်ခ်လေး မှာ တော့ portable software လေးတွေသာ မက..၊ခြား ကိုယ့်စက်ထဲ မှာ ပေါ့ ပေါ့ပါးပါး နဲ့ အသုံး ၀င် မယ့်ဆော့ဖ်ဝဲလေးတွေ ပါ တွေ့နိုင်ပါတယ်..။စိတ် ၀င်စားတဲ့သူများသွားရောက် လေ့လာမယ်ဆိုရင်... http://www.liberkey.com/en/ ဖြစ်ပါတယ်..။

Read More...

Tuesday, July 24, 2007

ဝှက်ကြည့် မယ်

ဒီနွားလှည်းပုံလေး အောက်မှာ ၀ှက်ထားတာလေးတစ် ခုရှိပါတယ်..။ဒီ ပုံလေးကို မူလပုံ အတိုင်း ချဲ့ပြီး save image as နဲ့ သိမ်းပြီး win rar နဲ့ဖွင့် ကြည့်ပါ..။ ရိုးရိုးတန်းတန်း ဆိုရင်တော့ ဓာတ်ပုံ လေးတစ်ပုံ အနေ နဲ့ဖွင့် နိုင်ပါတယ်။ ဘာလေးကျလာမလဲ ဆိုတာကိုတော့ စမ်းသပ်ကြည့်စေချင်ပါတယ်..။


ဒီပို့စ်လေး ကတော့ ရိုးမလိုလို နဲ့ဆန်းမယ်လို့ထင်ပါတယ်.။ မိမိ မသိစေချင်တဲ့အရေးကြီး အချက်အလက်တွေ ကိုအခု ပို့စ်မှာ ပါတဲ့ အတိုင်း ၀ှက်ထားလို့ တော့ရတယ်..။ အဲ...တစ်ခုတော့ ရှိတယ်..။delete လုပ်မိရင်တော့ ပါ သွားမှာ တော့ သေချာတယ်..။ ကျွန်တော် ဆိုလိုတာက ဓာတ်ပုံတစ်ပုံ ရဲ့ အောက်မှာ မိမိ ၀ှက်ချင်တဲ့ အချက်အလက်တွေ ကို RAR အနေနဲ့ဝှက်ထား မယ် ကိုပြောတာ။
၁-အရင်ဆုံးလုပ်ရမှာက မိမိကြိုက်နှစ်သက်ရာ ဓာတ်ပုံ တစ်ခုကို ရွေးပါ။
၂-မိမိ ၀ှက်လိုတဲ့ အချက်အလက်(သို့) စာရွက်စာတမ်း(သို့) ဓာတ်ပုံ ...အစရှိသဖြင့် တစ်ခုခု ကို folder တစ်ခု
ထဲ ကို ထည့်ပြီး အဲ့ဒီ့ ဖိုလ်ဒါ ကို rar/zip လုပ်လိုက်ပါ.။( password ပေးချင်ရင်လည်း ပေးလိုက်ပါ ။ )
၃-ပြီးရင်တော့ ခုနက ရွေးထားတဲ့ ဓာတ်ပုံ ရယ်..၊ rar ရယ် ကိုdriveတစ်ခုထဲမှာ တူတူထားလိုက်ပါ..။
(ကျွန်တော်က တော့ လွယ်အောင် C:\ ထဲမှာ အဲ့ဒီ့နှစ် ခုလုံး ကိုချလိုက်တယ် )
၎-နောက်ပြီးရင်တော့ command prompt ကိုခေါ် လိုက်ပါ ။
၅-အဲ့ဒီ မှာ directory ခေါ်လိုက်ပါ ( .....\cd\ ဆိုပြီးရိုက်ခေါ်လိုက်ပါ )
၆-ပြီးရင်တော့ copy /b (မိမိရွေးထားတဲ့ ပုံ) +(rar လုပ်ထားတဲ့ဖိုင်လ်) (မိမိကျစေချင်သော ပုံ ) (Enter )
၇-ပြီး ပါပြီ..။

ရှုပ်နေတယ်ဆို ရင်တော့ အောက် ကကျွန်တော်ရိုက်ထားတဲ့ command prompt ကိုကြည့်ပြီး တော့လုပ်နိုင်ပါတယ် ခင်ဗျာ..။


ဒါလေး ပါပဲ..။
ကျွန်တော်သိထားတာလေးကိုပြန်လည်တင်ပြတာဖြစ်ပါတယ်..။ လိုတာလေးများရှိရင် ဝေဖန်အကြံ ပေးနိုင်ပါ တယ်..။

Read More...

Sunday, July 22, 2007

swf in powerpoint

အခု တင်မယ့်ပို့စ်လေး ကတော့သိပြီးသားဖြစ်မယ်လို့ထင်ပါတယ်..။ သိပြီးသားကို ဘာလို့ထပ်တင်တာလဲ လို့မေးရင် တော့...သတိမထား မိတဲ့သူများအတွက်တင်တာပါ လို့ပြောချင်ပါတယ်...။

တလောက သူငယ်ချင်းတစ်ယောက် ကflash(swf-shockwave flash) လေးတွေ ကို မေးလ်ကနေ သူ့သူငယ်ချင်းဆီ ကို ပို့တယ်..။ဒါပေမယ့် သူ့ သူငယ်ချင်းစက် မှာ flash player မရှိတော့ unknown format အနေနဲ့ ပေါ် နေပြိးတော့ ဖွင့်လို့မရဘူးဖြစ် နေတယ်တဲ့..။
တကယ်တမ်း swf ကို flash exe လုပ်ပြီးပို့ရင် တော့ ဘယ်စက်မှာမဆို အဲ့ဒီ့ flash လေးကိုဖွင့်လို့ရတယ်။ exe ကို ကျတော့ မေးလ်တွေ ကနေ ပို့လို့မရတော့ခက်သွားပြန်ရော..။( တခြား file delivery တွေ ကနေ ပို့ရင်တော့ရပါတယ် )..။
အဲ့ဒီ့ အကြောင်း ကို ဟိုတစ်လောက စကားစပ်မိသွားတော့ ကျွန်တော့် သူငယ်ချင်းက မေးတယ်..။ flash player မရှိဘဲနဲ့ ကြည့်လို့ ရတဲ့ နည်းလေး မသိဘူးလားတဲ့..။ ကျွန်တော် က လည်း သိပ်သိ တာလည်း မဟုတ်..( သိတာက လည်းယောင်တောင်တောင်ရယ် ) ၊ အဲ့ဒါ နဲ့ ဒီနည်းလေး လုပ်ကြည့်ကွာ ဆိုပြီးတော့ ပြောလိုက် တယ်..။
Powerpoint ထဲမှာ flash embedded လုပ်ကြည့်တဲ့ နည်းလေးပါ..။စက်တိုင်းမှာ flash player မရှိပေမယ့် Microsoft Office ကိုတော့ တင်ထားကြမယ်၊ ရှိမယ်လို့ တော့ထင်ပါတယ်..။အဲ့ဒါ မို့လို့ ဒီ လိုလုပ်တာကို သိပြီးသားသူများ အတွက် ကတော့ဘာမှ မထူးခြားပေမယ့် သတိမထားမိသူများအတွက် ကတော့ အသုံးဝင်ကောင်းဝင်မယ် လို့ထင်ပါတယ်..။


အရင်ဆုံး လုပ်ရ မှာက powerpoint အသစ်လေးတစ်ခုထုတ်လိုက်ပါ..။
ပြီးရင်တော့ View > Toolbars > Control toolbox ကိုရွေးပါ။

ပြီးရင်တော့ More controls မှတဆင့် ကျလာ သော shockwave flash object ပုံပါအတိုင်းရွေးလိုက်ပါ..။

နောက်ပြီးရင် လုပ်ရမှာကတော့ layout ပေါ်မှာ မိမိလိုချင်တဲ့ အတိုင်းအတာတစ်ခု ကို drag နဲ့ ထောင့် မှန်တြိဂံ တစ် ခုလောက်ဆွဲလိုက်ပါ..။ထို့နောက် right click > properties ကိုပုံပါ အတိုင်းရွေးပေးပါ..။

ဒီ ဘောက်စ် လေးပေါ်လာမှာဖြစ်ပါတယ်.။အဲ့ဒီ့ ကမှ တဆင့် custom ကို နှိပ် လိုက်ပါက property pages ဆို တာလေးထပ်ပေါ် လာပါလိမ့်မယ်..။
အဲ့ဒီ မှာ မိမိထည့်ချင် သော swf ရှိတဲ့target ကို Movie URL ဆိုတဲ့ နေရာမှာမှာ ထည့်ပါ. extension ကို
.swf (dot swf) နဲ့ ပိတ်ပါ..။အဲ့ဒီ မှာ မိမိလိုတဲ့ အတိုင်းအတာ တွေ ကို လိုသလိုဖြည့်နိုင်ပါတယ်.။
ပြီးရင်တော့
အခု ပုံမှာ ပါတဲ့အတိုင်း မိမိတင်ထားတဲ့ swf ပေါ် လာပါလိမ့်မယ်။အဲ့ဒါ ဆိုရင်တော့နောက်ဆုံး လုပ်ရမှာ ကတော့ F5 နဲ့ slide show ကိုကြည့်ပြီးတော့ပြန်လည် သုံးသပ်နိုင်ပါတယ်..။ကျေနပ်ပြီဆိုရင်တော့ File > Save as နဲ့ သိမ်းလို့ရ ပါပြီ..။ flie type ကိုတော့ persentation အနေနဲ့ သိမ်းဖို့ ကိုတော့မမေ့ ပါနဲ့..။
ဒါ ဆိုရင်တော့ မိမိပို့လိုတဲ့ swf လေးတွေ ကို powerpoint အနေနဲ့ ပို့နိုင်ကြပါပြီ...။( မိမိ ပို့ လိုက်တဲ့သူ ဆီမှာတော့ powerpoint ကတော့ ရှိပြီးသားဖြစ် နေရင် ကောင်းကောင်းကြည့်လို့ရပါပြီ )

ကျွန်တော်သိထားတာလေးကိုပြန်လည်တင်ပြတာဖြစ်ပါတယ်..။ လိုတာလေးများရှိရင် ဝေဖန်အကြံ ပေးနိုင်ပါ တယ်..။

Read More...

Saturday, June 16, 2007

စမ်းသပ်ခြင်း (Windows Live Writer)

အခုကျွန်တော်စမ်းသပ်ချင်တာကတော့ windows live writer နဲ့ blogger မှာပို့စ်အသစ်တင်ခြင်းဖြစ်ပါတယ်...။ဘယ်လိုပေါ်မယ်ဆိုတာကတော့မသိသေးပါဘူး..။သူ့ကိုတော့တော်တော်လေးကို

ညွှန်းထားတာလေးတွေ တွေ့လို့ကျွန်တော်စမ်းကြည့်မယ်ဆိုပြီးအခုလိုစမ်းသပ်တာဖြစ်ပါတယ်..။

Read More...

Friday, June 15, 2007

နေ နီနီ



-----------------------------------------------------------------------------

အရင်ဆုံး document တစ်ခုကိုဆောက်လိုက်ပြီးရင် Text Tool ကိုရွေးလိုက်ပါ..။

Properties panel မှာ Dyanamic text ကိုရွေးလိုက်ပါ…။



ပြီးရင်တော့ အဲ့ဒီ့ text tool ကိုသုံးပြီးတော့ ပဲ rectangle တစ်ခုကိုဆွဲလိုက်ပါ..။



ဆွဲထားတဲ့ rectangle လေး ကို select ပေးလိုက်ပြီးရင် properties panel မှာပဲ ပုံပါအတိုင်းထည့်လိုက်ပါခင်ဗျ..။


ထည့်ပြီးသွားရင်တော့ အဲ့ဒီ့rectangle လေးကို right click ထောက်ပြီးတော့ scrollable ကိုယူလိုက်ပါ..။ ဘာလို့ လည်းဆိုတော့ text tool မှာရှိနေတဲ့ ရိုက်မယ့် စာလုံးတွေ ကို အသေ မဖြစ်စေချင်လို့ပါ..

အဲ့ ဒါ မို့ လို့ လည်း dynamic text ကိုယူထား တာကိုလည်းပြောချင်ပါတယ်..။


ပြီးရင်တော့ ဆွဲထားတဲ့ (text tool ) rectangle လေး ထဲ ကို မိမိကြိုက်နှစ်သက်ရာ စာ ကို ရိုက်ထည့်လို့ ပဲဖြစ်ဖြစ်..၊ တခြားတနေရာ ကစာကြောင်းလေးတွေ ကိုပဲဖြစ်ဖြစ် copyလုပ်ပြီးထည့်လိုက်ပါ..။

ပြီးရင်တော့ ခလုတ်လေးနှစ်ခုကိုလုပ်ကြရအောင်ပေါ့ လေ..။

Window> common libraries> buttons ကနေ ခလုတ်လေးတွေ ကို ကြိုက်ရာလေးတွေ ကို rectangle လေးဘေးမှာ ထည့် လိုက်ပါ..။ အပေါ် အောက်ထားလိုက်တာကို ပို အဆင်ပြေမယ်လို့ထင်ပါတယ်..။


ပြီးရင်တော့ အပေါ်မှာရှိနေ တဲ့ ခလုတ်လေးကို select ပေးပြီး action box မှာ ပုံမှာပါတာလေးတွေ ကိုရိုက်တည့် လိုက်ပါ..။


အောက်က ခလုတ်လေးကို လည်း select ပေးပြီးတော့ action box ထဲမှာ ပုံ က စာသားလေးတွေ ကိုရိုက်ထည့်ပေးပါဦးဗျာ..။

ပြီးရင်တော့ Control> Test Movie ဆိုပြီး စမ်းလို့ရပါပြီ..။

အခု flash လေးမှာပါတာ က တော့ ဆရာကြီး ဇော်ဂျီ ရဲ့ နေ နီနီ ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်ပါတယ်..။ နောက်မှအကျယ်ကိုပြော ပါဦးမယ်..။ အားလုံး ပျော်ရွှင်နိုင်ကြပါစေ လို့ ဆုတောင်းပါတယ်..။

Read More...

Thursday, June 14, 2007

pc security


ကျွန်တော် အခု သုံးနေတဲ့ pc security လေးတစ်ခု ကို တင်ပေးလိုက်ပါတယ်..။တော် တော်လေးကိုလုံလုံခြုံ ခြုံ သုံးလို့ရပါတယ်..။ကျွန်တော်သုံးနေတာကတော်တော်လေးကိုကြာ နေ ပါပြီ.။ပေါ့ပေါ့ပါးပါးလေးလည်းဖြစ်ပါတယ်.။ freeware လေးမဟုတ် ပေ မယ့် ကျွန်တော် keygenလေးကိုတင်ပေးထားပါတယ်..။folder lock လုပ်လို့ရတဲ့အပြင်တခြား ကွန်ပြူတာအစိတ်အပိုင်းတွေ အားလုံးကိုလည်းမိမိလိုရင်လိုသလိုlockလုပ်လို့ရပါတယ်..။ ကျွန်တော့်မှာရှိတာလေးကိုပြန်ပြီးတော့မျှဝေတာပါ..။နောက်လည်းကျွန်တော် အသုံးဝင်တာလေးတွေကိုပြန် ပြီးတော့တင်ဖြစ်မှာပါ..။
Download : http://www.mediafire.com/?4w02jlyqznj

Read More...

Saturday, June 9, 2007

Click them for a funny song



ဘယ် လို လုပ် ထား တယ် ဆို တာ ကို Read More မှာ ဆက်ဖတ်ပေးပါ ။
ဒါလေး ကို ကျွန်တော် ကိုယ် တိုင် လုပ်ထား တယ် လို့ မ ထင် ပါ နဲ့ဦး ဗျာ..။ ဒါ လေး က ကျွန်တော် ပြန် ပြင် ထား တာပါ..။
ကျွန်တော်မှာ အဲ့ ဒီ လောက် မတတ် သေး ပါ ဘူး ဗျာ..။ ကျွန်တော် ဒါ လေး ကို လုပ် ထား တာ က တော့ တော်တော် လေး ကို ကြာ နေ ပါ ပြီ.။ ဒီ ဘ လော့ခ် ကို မ လုပ် ခင် က တည်း က ပေါ့..။ အ ရင် ဆုံး ကျွန်တော် အိုင်စီကျု က နေ flash လေး တွေ ချ လိုက် တယ် လေ..။ ပြီးတော့ Flash Decomplier နဲ့ ကျွန်တော် ခွဲ ချ လိုက် တယ် လေ..။ FlashDecomplier လေး ကို ကျွန်တော် တင် ပေး ထား ပါ တယ်..။ flash decomplier လေး က swf လေး တွေ ကို macromedia fla ကို ပြောင်း ပေး တာ လို့ အ လွယ်ပြော လို့ ရ မယ် ထင် ပါ တယ်..။ Macromedia နဲ့ ကိုယ် ကိုယ် တိုင် မ ဆွဲ နိုင် တဲ့ ပုံ လေးတွေ ..၊ clip လေး တွေ ကို Flash decomplier နဲ့ ခွဲ ချ ပြီးတော့ ဖြတ် တောက် သုံး လို့ ရ တာ ပေါ့ လေ..။ အဲ flash cards လေး တွေ ကို တော့ ဆွဲ ချ တဲ့ software လေး ကို တော့ နောက် မှ တင် ပေး တော့ မယ် ဗျာ..။

Download: http://www.mediafire.com/?85m0bmyyk1m

Read More...

Tuesday, June 5, 2007

3D Browser

Space Time3D Browser ဆိုတာကိုကျွန်တော်တွေ့တာနဲ့ကျွန်တော်ပြန်ပြီးတင်လိုက်ပါတယ်။Firefox မှာပါတဲ့ Tabeffectထက်ကောင်းတယ်လို့တော့ကျွန်တော်ထင်ပါတယ်..။စိတ်ဝင်စားတယ်ဆိုရင်တော့သွားသုံးကြည့်လို့ပါတယ်..။
Source: http://www.spacetime.com/home.php

Read More...

Monday, June 4, 2007

မြန်မာနာရီလေးတစ်လုံး

အရင် ဆုံး document ကို300*300ထားလိုက်ပါတယ်..။
ကိုယ်အဆင်ပြေမယ့်အတိုင်းအတာလေးတစ်ခုထားရင်လည်း ရ ပါ တယ်..။
နောက်ခံအရောင်တွေကိုလည်းပြောင်းချင်ရင်ပြောင်းပေးလို့ရပါတယ်..။ကျွန်တော်ကတော့အခုလောလောဆယ်မှာ အဖြူရောင်လေးကိုပဲသုံးထားပါတယ်..။

ပြီးရင်တော့စက်ဝိုင်းလေးတစ်ခုကိုဆွဲလိုက်ပါတယ်.။စက်ဝိုင်းမျက်နှာပြင်လေးတစ်ခုဖြစ်ပါတယ်.စက်ဝိုင်းမျက်နှာပြင်လေးကို လည်းမိမိ ကြိုက်နှစ်သက်ရာအရောင်ကိုသုံးနိုင်ပါတယ်..။

ပြီးရင်တော့စက်ဝိုင်းရဲ့ width နဲ့ high ကို 190 ထားလိုက်ပါတယ်.။Window>info ဆိုပြီးယူလို့ရပါတယ်..။








ပြီးရင်တော့စက်ဝိုင်းကိုselectလုပ်ထားရက်သားအနေအထားမှာAlign pane မှာ To Stage ဆိုတာကို နှိပ်ပေးပါလိုက်ပါတယ်..။အဲဒီလိုနှိပ်ထားပြီးတော့မှ Align Horizontal Centre နဲ့ Align Vertical Centre တို့ ကို နှိပ်ပေးပြီး စက်ဝိုင်းလေးကို
ညှိ ပေးလိုက် ပါ တယ်..။



စက်ဝိုင်းကို Movie clip ပြောင်းပေးပြီးRegistration Point ကို Centered ကို ယူလိုက်ပါတယ်။နာမည်လေး
ကိုတော့ clock_mc လို့ကျွန်တော်ပေးထားပါတယ်။






ပြီးရင်တော့ select လုပ်ထားတာလေးကို double click လုပ်လိုက်ပါတယ်။
Timeline pane မှာ Layer 1 ကို Clock Face လို့ ကျွန်တော်ပြောင်းလိုက်ပါ
တယ်။ ပြီးရင်တော့ Insert Layers ဆိုတာလေးကိုနှိပ်ပေးပြီးတော့ နောက်
ထပ် ၃ ခု ဆောက်လိုက်ပါတယ်။ဆောက်ထားလိုက်တဲ့ layer ၃ ခု ကို Hour
Hand,Minute Hand နဲ့ Second Hand ဆိုပြီး နာမည်လေးတွေပေးလိုက်ပါ
တယ်။ပြီးရင်တော့ ပုံ မှာပါ တဲ့ အတိုင်း Clock Face layer ကို Lock လုပ် လိုက်ပါတယ်။ နာရီ မျက်နှာပြင် က ပုံသေရှိစေချင်နေလို့ပေါ့။

ပြီးရင်တော့ နာရီ လက်တံလေးတွေဆွဲကြပါမယ်.။ နာရီ တစ်လုံးမှာ စက္ကန့် တံတစ်ခုကကျန်တဲ့နှစ်ခုထက်ရှည်
တာကိုတော့ မမေ့စေချင်ပါဘူး။



အရင်ဆုံး စက္ကန့်တံလေးကိုအရင်ဆွဲပါမယ်။ Rectangle tool ကိုယူလိုက်ပါတယ်။ပြီးရင် Properties>Custom မှာ ဆွဲမယ့်Line ကိုသေးပေးပါမယ်။

ကျွန်တော်ကတော့.05 လောက်ယူပြီးဆွဲလိုက်ပါတယ်..။
သေးသေးလေးဖြစ်သွားအောင်လို့ပါ။
Hair Line ဆိုပြီးပြလာပါလိမ့် မယ်.။Stroke color တွေ Fill color တွေ ကိုမိမိ ကြိုက်နှစ်သက်ရာပြောင်းပေး
နိုင်ပါတယ်။




ဒါလေးကတော့ ကျွန်တော်ဆွဲလို့ရလာတဲ့စက်ဝိုင်းလေးပါ။















ဆွဲထားတဲ့လက်တံလေးကို selected အနေအထားမှာပဲ Align pane မှာ
Align Horizontal Centre နဲ့ Align Bottom Edge တို့ နဲ့ လက်တံလေး
ကိုစက်ဝိုင်းရဲ့ အလယ်မှာ ကျအောင်ညှိပါတယ်...။မမေ့ဖို့ကတော့ To Stage ဆိုတာလေးကို ယူထားပြီးသားဖြစ်နေရပါမယ်..။





ပြီးရင်တော့လက်တံလေးကို Movie clip ပြောင်းပေးပြီးတော့ Registration point ကို bottom
ကိုယူလိုက်ပါတယ်။




ပြီးရင်တော့ properties မှာရှိတဲ့ Instance name ကို
second_hand လို့ပေးလိုက်ပါတယ်။







ပြီးရင်တော့ Second Hand layer ကို Lock နဲ့ Hide ပေးလိုက်ပါတယ်..။
Minute Hand ကို select လုပ်ပါတယ်။ပုံမှာပါ တဲ့အတိုင်းဖြစ်ပါတယ်။
ကျန်တဲ့ မိနစ် လက်တံ နဲ့ နာရီလက်တံလေးတွေ ကိုလည်း စက္ကန့်လက်တံ
လုပ်တဲ့အတိုင်းလုပ်သွားပေးဖို့ပါဘဲ.။ မိနစ်လက်တံ ကို စက္ကန့် လက်တံ
လေးထက် နည်းနည်းလေးလောက် တိုပေးပေါ့.။ နာရီ လက်တံ (Hour hand) ကိုတော့ သိပြီးတဲ့ အတိုင်း ထူထူလေးနဲ့ တိုတို လေးကြည့်ကောင်း
အောင် ဆွဲပေးပေါ့..။ layer တွေကို lock နဲ့ hide လုပ် ဖို့မေ့ နေ ဦးမယ်နော်ဗျ။



အားလုံးပြီးရင်တော့ Second Hand layer ရဲ့အပေါ်မှာ Actionscript ဆိုတဲ့ layer လေးတစ်ခု ထပ်ဆောက်ပါမယ်.။နာရီ မှာပါ တဲ့ လက်တံလေးတွေ အ လုပ်လုပ်ဖို့ဖြစ်ပါတယ်.။ Actionscript ကို select လုပ်ထားတဲ့အနေအထားမှာပဲ Action box ကို ဖွင့်လိုက်ပါ..။













Action box မှာဒါလေးတွေကိုရိုက်ထည့်လိုက်ပါ..။



Line 1 ကတော့ နာရီ ကို onEnterFrame ကို ထည့်တာဖြစ်ပါတယ်။နာရီတစ်ခုလုံးအတွက်ဖြစ်ပါတယ်။
Line 3-6 ကတော့ ဒီ Flash clock ပေါ်နေတဲ့ ကွန်ပြူတာတစ်လုံးရဲ့ လက်ရှိ အချိန်ကိုယူတဲ့ Variableကိုပေးထားတာဖြစ်ပါတယ်.။
Line 8 ကတော့ နာရီတစ်လုံးကို ၁၂ နာရီဖြစ်အောင်ပြောင်းပေးတာဖြစ်ပါတယ်။
Line10 ကနေ Line 12 အထိကတော့ လက်တံ ရဲ့ ထောင့်တန်ဖိုး (angle value)တွေ ကိုပြောင်းပေးတာဖြစ်ပါတယ်..၊သေသေချာချာကြည့်ရင် လွယ်ကူတဲ့သင်္ချာလေးတစ်ပုဒ်ဖြစ်ပါတယ်.။
Line 14-16 ကတော့ ယူထားတဲ့ movieclip လက်တံတွေကို ထောင့်တန်ဖိုးတွေအတိုင်း လိုက်လည်ဖို့ပေးထားတာဖြစ်ပါတယ်..။ဒါ ကြောင့်မို့ Instance name တွေကို Hour_hand,Minute_hand နဲ့ Second Hand တို့ ဆိုပြီးယူထားရတာပေါ့.။

Action script မှာ Check syntax လုပ်ကြည့်ပါ.။ မှားတာလေးတွေ မရှိစေချင်လို့ပါ။
ပြီးရင်တော့ TestMovie လုပ်ကြည့်ပေါ့..။ ကောင်းကောင်း အ လုပ် မ လုပ်သေးရင်တော့ပြန်လုပ်ကြည့်ပါ.။
အဓိ က ကတော့ script ယူတာတွေမှာ မှားတတ်မယ်လို့ကျွန်တော်ထင်ပါတယ်။
အကုန်လုံး ရသွားပြီ ဆိုရင်တော့ နာရီ အကြမ်းထည်လေးတစ်လုံးရပြီလို့ ပြော ချင်ပါတယ်..။ အဲ့ ဒါကိုမှ ထပ်ပြီးတော့ နာရီဒိုင်ခွက်တွေ ၊ လက်တံလေးတွေ ကို လှလှလေးတွေ လုပ်ချင်ရင်လည်းရပါတယ်..။



ကျွန်တော်ကတော့ မြန်မာဆန်ဆန် လေးတွေပဲပေးလိုက်ပါ
တယ်..။ မိမိကြိုက်နှစ်သက်သလိုပြုလုပ်နိုင်ပါတယ်..။
အဲ့ဒီ လုပ်ဖို့ဆိုရင်တော့ ကိုယ် လုပ်ချင်တဲ့ layer ကို unlock လုပ်ပေးပြိးတော့ unhidden ပေးဖို့ လို တယ် ဆိုတာကို ပြော ချင်ပါတယ်..။ မိနစ်လက်တံ ကို ပြင်ချင်
တယ်ဆိုရင်သူ့ layer ကို unlock, unhidden လေးတွေကိုလုပ်ပေးဖို့ပြော တာပါ..။







အကုန်လုံး စိတ်တိုင်းကျပြီ ဆိုရင်တော့ save လုပ်ပြိးတော့ export လုပ်ပြီးလိုက်တော့ပေါ့။ ကျွန်တော်လုပ်ထားတဲ့ နာရီလေးကတော့ တော်တော်လေးကိုရုပ်ဆိုးသလားလို့ဗျာ..။ ကျွန်တော်လည်းပြန် မပြင်ချင်တော့ တာနဲ့ ဒီအတိုင်းလေးပဲတင်လိုက်တာပါ..။မြန်မာဆန်ဆန်နာရီလေးတစ်လုံးတော့လုပ်ဖူးသွား
တယ်လို့ မှတ်ထားလိုက်ပါတယ်..။ဒီ နာရီလေးကိုအခြေခံပြိးတော့ ဒီ့ထက်ကောင်းတဲ့ နာရီပုံစံ လှလှလေးတွေ လုပ် နိုင် ပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ.။ ပျော်ရွှင်ကြပါစေ.....။



Read More...

Saturday, June 2, 2007

Basic Flash Button




မတင် ဖြစ် တာ မကြာ သေးပေ မယ့် စိတ် မှာ တော် တော်လေး ကိုကြာ ပြီ လို့ ကို ထင် ခဲ့ တာလေ..။အဲ့ ဒါနဲ့ ဒီ နေ့ တော့ တင် လိုက် ဦး မယ် ဆိုပြိး တော့ flash လေး တစ် ခု တော့ တင် လိုက် ပြန် ပြီ ဗျာ..။ ကျွန်တော့် ကို သင် ခန်း စာ ပို့ ချ တယ် လို့ ပြော ကြ တယ် ဗျ...၊ ကျွန်တော် တ ကယ်တော့ ငယ် ပါ သေး တယ်ဗျ....၊ဟီး .။ ကျွန် တော် လည်း တတ် သ လောက် လေး တွေ ပြန် တင် ကြည့် နေ တာ ပါ..။ တ ကယ်တော့ ဘာ မှ ကို မ သိ သေး တာ ပါ ဗျာ...။ အ ခု မှ ကျွန်တော် လည်း စမ်း သပ် ဆဲ ပါ ဗျာ..။ ဒီ နေ့ က တော့ အခြေခံ ဖလက်ရှ် ခလုတ်လေး လုပ် တာ လေး တစ် ခု ပါ..။Basic Flash Button လေး တစ် ခု လုပ် တာပါ..။

Macromedia flash 8 မှာ လည်း လို ရင် သုံး လို့ ရ တဲ့ ခလုတ်(button)လေး တွေ ပါ ပြီး သားပါ..။ အဲ့ ဒါ လေးတွေ ကို သုံး လည်းရ ပါ တယ်..။ အ ခု ဒီ ခ လုတ် လေး ကို အခြေ ပြု ပြီး တော့ တခြား ကိုယ် လိုချင် တဲ့ ပုံ စံ လေး တွေ လုပ် ကြည့် လို့ ရ တာ ပေါ့..။ ကျွန် တော် လုပ် ထား တာ က တော့ သိပ်ပြီး မ သေ သပ် ဖူး လို့ ထင် ပါ တယ်..။ ကျွန်တော် ရ သ လောက် လေး လုပ် ပြီး တင် လိုက် တာ ကို နား လည်ပေး စေ ချင် ပါ တယ်..။ နောက် ရက် တွေ မှာ မှ ခ လုတ် လေး တွေ နဲ့ ပတ် သတ် ပြိး တော့ ကျွန်တော် တင် နိုင် အောင်ကြိုး စား ကြည့် ပါ မယ်..။

အ ရင် ဆုံး new flash document လေး တစ် ခု လုပ် ပြီး တော့ Oval tool နဲ့ စက် ၀ိုင်း လေးတစ် ခု ဆွဲ ပေး ပါ..။ ကိုယ် လို ချင် တာ က အ ၀ိုင်း မ ဟုတ် ပဲ တ ခြား ပုံ စံ လေး တွေ ကို ကိုယ် ဖာ သာ ဆွဲ လို့ ရ ပါ တယ်..။အ ခု လော လော ဆယ်တော့ ကျွန်တော် က တော့ စက် ၀ိုင်း လေး တစ် ခု ပဲ ဆွဲ လိုက် ပါ တယ်.။ ပုံ-(၁) မှာ ကြည့် ပေး ပါ..။

ပြိး ရင် တော့ Gradient Transform tool ကို သုံးပြီး တော့ စက် ၀ိုင်း လေး ကို ညှိ ပေး ပါ..။vertiacal ထားပေး တာ ပို အ ဆင်ပြေ မယ် လို့ ထင် ပါ တယ်..။ ပုံ-(၂) နဲ့ (၃) ကို ကြည့် ပေးပါ..။

ပြီးရင် တော့ အဲ့ဒီ ဆွဲ ထားတဲ့ စက် ၀ိုင်းလေး ကို copy လုပ်ပြီးတော့Grdient tool နဲ့ ပဲ စက် ၀ိုင်းလေး သေးလေးတစ် ခု လုပ် ပေး ပါ.။ န ဂို စက် ၀ိုင်း ထဲ မှာ ထည့် ပေး ပါ..။ အ ရောင် လေး ကို နည်း နည်းလေး ခွဲ ထား နိုင် အောင် လို့ gradient tool နဲ့ rotate လုပ် ထား တာ ကောင်းပါ တယ်..။ ပုံ-(၄) ကို ကြည့် ပေးပါ.။

ပြီး ရင် တော့ စက် ၀ိုင်း သေး လေး ကို select လုပ် ပြီး တော့convert to transform က နေ movie clip ကို ပြောင်း ပေး ပါ..။ ပုံ-(၅) ။

ပြီးရင် တော့ စက် ၀ိုင်း နှစ် ခု လုံး ကို select ပေးပြိး တော့ button ကို ပြောင်း ပေး ပါ။ ပုံ-(၆) ။

ပြီး သွားရင်တော့ ခလုတ် အ တွက် timeline ရ အောင် double click လုပ် လိုက် ပါ..။ ပုံ-(၇) မှာ အ တိုင်းရ ပါ လိမ့် မယ်..။

ပြီးရင် တော့ အဲ့ ဒီ့ time line မှာ ပဲ Down ဆိုတဲ့ frame လေး မှာ right click ပေးပြီး keyframe တစ် ခု ထပ် ထည့် ပါ.။ ပုံ-(၈)။

နောက် ပြီး ရင် ဆက် လုပ်ရ မှာ က တော့ ပထမဆုံး(first keyframe) ကိုပြန် သွားပြိး တော့ နည်း နည်းလေးပြင်ပါ မယ်..။အလယ် မှာ ရှိ နေ တဲ့ ခ လုတ်သေးလေးကို select လုပ်ပြီး တော့ filters properties မှာ Drop shadow ဆို တာ ကို ယူပါ..။ ပုံ-(၉ ၊၁၀နှင့် ၁၁ ) တွင် ကြည့် ပေးပါ။

ပြီးရင် တော့ ပုံ-(၁၂) မှာ အ တိုင်း ရ လာပြီ ဆိုရင် တော့main scene ကိုပြန် သွားပြီး test movie(Control>Test movie) လုပ် ကြည့် လို့ ရ ပါ ပြီ..။


ပုံ-၁



ပုံ-၂ နှင့် ၃


ပုံ-၎

ပုံ-၅

ပုံ-၆



ပုံ-၇

ပုံ-၈



ပုံ-၉



ပုံ-၁၀

ပုံ-၁၁

ပုံ-၁၂

Read More...

Tuesday, May 29, 2007

Crystal XP

ကျွန်တော်စက် မှာဒီ နေ့Crystal XP ဆိုတာကိုတင်ဖြစ်ပါတယ်။
partition တွေတော့ မခွဲတော့ပဲVirtual Machine နဲ့ပဲ တင်လိုက်ပါတယ်.။
Crystal XP အကြောင်းကို စောစောပိုင်းမှာရေးဖူးပါတယ်..။အဲဒီတုန်းကတည်းက ကျွန်တော်ရှာနေလိုက်တာ အခုမှ ကျွန်တော်တင်ဖြစ်သွားပါတော့တယ်..။ကျွန်တော်ကိုယ်တိုင် iso ကို ဆွဲချလိုက်တာပါ..။ rar file က ၇ ပိုင်းလောက် ကို ဖြည်းဖြည်းချင်းဆွဲချခဲ့တာပါ..။ သူ ကို install လုပ်တော့တော်တော်များများကို install လုပ်ပေးပြီးသားဖြစ်နေပါတယ်..။Themeတွေတော်တော်များများပါသလို..၊IE-7ပါinstallလုပ်ပေးပြီးသားလေ..။IDM 5.7 ကို install လုပ်ပေးပြီး Open office 2.1.0 ကို တခါတည်း ထည့်ပေးပါတယ်..။Antivirus အတွက် NoD32 ကို သုံးထားပြီး တော့ torrent အတွက် Utorrent ကို သုံးခိုင်းပါတယ်..။ISO images တွေ လုပ်ဖို့ ultra iso ကို သုံးလို့ ရပါတယ်..။ WinRAR နဲ့ 7 zip နှစ်ခုပါ ပါ တယ်..။ ကျွန်တော့် အကြိုက် TuneUp Utilities ကို တော့ သူထဲ မှာ 2006 ပဲ ပါ သေးတယ်ဗျာ..။ ကျွန်တော့် Host Machine ကနေ 2007 ကို ယူပြီး တင် လိုက် မယ်လေ..။Windowmedia player ရယ်..၊ winamp ရယ် ပါတယ်..။ အကုန် လုံး ပြီးတော့ browser ကို ဖွင့်ကြည့်ပြီးတော့ စာရိုက်ကြည့်တော့ Arabic language တွေဖြစ် နေ လို့ ပြန်ပြင် လိုက်ရသေးတယ်လေ..။ ဒါတောင် Run box မှာ သူတို့ စာလုံးတွေ ကျန် သေးတယ်ဗျာ..။ နောက်မှ ရှာပြီး ဖျောက်ကြည့်ဦးမယ်..။ တော်တော် များများကတော့ XP လို ပါ ဘဲ..။ လို ချင်သူ များ အတွက် ကျွန်တော် ရလာတဲ့ လင့်ခ် ကိုပဲပြန်တင်ပေးလိုက်ပါတယ်..။ RAR ၇ ပိုင်းရှိ ပြိးတော့ တစ်ပိုင်းကို 95MB ရှိပါတယ်..။
နောက်ဆုံးတစ်ပိုင်းကတော့ 39.1MB ရှိ ပါတယ်..။နောက်ရက်တွေ မှာ ကျန်းမာရေးအခြေအနေကြောင့်မတင်ဖြစ်ဖို့များမယ်လို့ ထင်ပါတယ်..။အမြဲတမ်းကိုပို့စ်တွေတင်ချင်ပါတယ်.။

http://www.mediafire.com/?72g0wcnnz0y
http://www.mediafire.com/?2ogytwkdwyt
http://www.mediafire.com/?1ngkytynmmn
http://www.mediafire.com/?fyj0wqtbqym
http://www.mediafire.com/?am1yyj1zm2j
http://www.mediafire.com/?e45mddzwnm4
http://www.mediafire.com/?dlm4zjmwnmy





Read More...