Friday, February 19, 2010

အမှတ်တရဟင်းလျာ


သေသေချာချာတော့မမှတ်မိတော့ဘူး..။4-th Year လောက်တုန်းက Field ဆင်းရတော့..ကျောက်ဆည်ဘိလပ်မြေစက်ရုံကိုဆင်းရတယ်..။ ကျောက်ဆည်ဘိလပ်မြေစက်ရုံ တစ်ခု တည်း တင်မဟုတ်ပဲ.. ကျောက်ဆည်စက်မှုဇုန် မှာ ရှိ တဲ့ တခြားစက်ရုံ တွေကို ပါသွားရတယ်..။ ကျောက်ဆည် မှာ ဆွေမျိုး တစ် ယောက်ရှိ တော့ သူတို့ ဆီက အကူအညီ ရတဲ့အခါ တွေလည်း ရခဲ့ တယ်..။ သူတို့အိမ် မှာ တစ်ခါတစ်လေ.. ထမင်းဖိတ်ကျွေးလို့ သူငယ်ချင်း တွေ နဲ့ အားမနာ ပါး မနာ သွားစား ခဲ့ ဖူး တာလည်း ရှိ တယ်...။ နွားထိုး တို့လည်း အပါအ၀င်ပေါ့..။ အဲ့ဒီ့တုန်း က ပထမဆုံး ထမင်း ဖိတ်ကျွေး တော့.. ချက် ထား တဲ့ ဟင်းတွေ က လည်း နည်း တာ မဟုတ် ဘူး..။ နို့ခဲချက် ၊ ကြက်၊ ၀က် နဲ့ တခြားခြား ဟင်းအတိုအထွာလေး တွေ က လည်း နည်း တာ မဟုတ် ဘူး..။ အန်တီမာ က လည်း ဟင်းချက် တာ ကလည်း တော်တော် ကောင်းတာလေ..။ အခုအချိန် အထိ အန်တီမာ့ ဟင်းဆိုရင် သူငယ်ချင်းတွေ ဆုံတိုင်း စကားစပ်မိ တိုင်း သတိရ နေ သေး တယ်..။ အဲ့ဒီ့ တုန်း က အန်တီမာ ချက် တဲ့ ဟင်းတွေ ထဲ မှာ ၀က်သားအချိုချက် တာကို တော်တော်လေး သဘောကျခဲ့ တယ်..။ တော်တော်လေးစားကောင်းလို့ အခုအချိန်အထိ အမှတ် ရ နေ ခဲ့ တယ်..။ ဘယ်လို ပြော ရ မှန်း ကို မသိ ပေမယ့် မမေ့နိုင် တဲ့ ဟင်းလျာတွေထဲ မှာ တစ်ခု အပါအ၀င် ဖြစ်ခဲ့ တယ်လို့ ပြော ရင် လွန်လေမလား မသိ ပါဘူး..။ အဲ.. အခု လည်း ကျွန့်တော့်အတွက် နောက်ထပ် အမှတ် ရ နေ မယ့် ၀က်သား ဟင်းလေး တစ်ခွက် ကြောင့် အခု လို အမှတ် တရ တွေကိုပြန် ရေး မိ တာ..။အခု လို အစားအသောက်နဲ့ပတ်သတ်ပီး တစ်ခါမှ မရေးဖူးပေမယ့် (အရင်တုန်း က blogging လုပ်တုန်းက လည်း မရေးဖူး ဘူး)..အခု တစ်ခါ မှာတော့ အမှတ် တရ ၀က်သားဟင်း တွေ ထဲ မှာ တစ်ခု အပါအ၀င်ဖြစ် တဲ့ အခု ၀က်သားဟင်းလေးတစ်ခွက် ကို.. အမှတ် တရ အဖြစ် အခုပို့စ်ကို တင်ဖြစ်ပါတယ်..။

Read More...

Sunday, February 14, 2010

Thank You.

ဒီပို့စ်လေးကိုအမှတ်တရတစ်ခုအဖြစ်နဲ့တင်တယ်..။အရင်တုန်းက၀ါသနာပါလို့ ပို့စ်တွေတော်တော်တင်ခဲ့ဖူးပေမယ့်..နောက်ပိုင်းမှာဘလော့ဂ်နဲ့ဝေးသွားခဲ့
တာ..၂နှစ်လောက်ကြာသွားခဲ့တယ်..။ အဲ့ဒီ့ နောက်ပိုင်းဘာမှမရေးဖြစ်ခဲ့သလို
..အမှတ်တရ တစ်ခုခုကြုံ လာ မှ ပဲ ရေး တင် တဲ့ အနေအထား ရောက်ခဲ့ တယ်..။ တကယ်ဆို
ကျွန်တော့်အတွက်ဒီနေ့လေးဟာ..တော်တော်လေး ကိုအမှတ်တရဖြစ်စေခဲ့ပါတယ်..။နောက်ပြီးဒီရက်လေးနဲ့သက်ဆိုင်တဲ့lc310705 ကိုလည်းအရမ်းကျေးဇူးတင်ပါတယ်..။ဖြစ်ချင် နေ တာ တွေ အမြန်ဆုံး ဖြစ်လာနိုင်ပီးလိုရာအကုန်ပြီးပြည့်စုံနိုင်ပါစေလို့ ဆု တောင်းရင်း..အမှတ်တရ တစ်ခု အနေ နဲ့မှတ်တမ်းထင်လိုက်ပါတယ်.
Summary

Rest of your post

Read More...

Saturday, November 28, 2009

A ChirstmasCarol


မနေ့(၂၇.၁၁.၂၀၀၉)ကA Christmas Carolဆိုတဲ့ ရုပ်ရှင်ကြည့်ဖြစ်တယ်..။
ခရစ်စမတ်နီးလာတာရယ်..၊တခြားဇာတ်ကားတွေမကြည့်ချင်ဘူးဆိုတာရယ်ကြောင့်
..ဒီဇာတ်ကားလေးကိုပဲကြည့်ဖြစ်လိုက်တယ်..။ စာရေးဆရာကြီး ချားဒစ်ကင်းရဲ့ ၀ထ္တု ထင်တယ်..။ဖေဖော်ဝါရီ ၂၀၀၄ မှာစရိုက်ပြီးတော့ ၊နိုဝင်ဘာ ၄ရက် ၂၀၀၉မှာ ထွက်လာတယ်လို့သိရတယ်..။Animation တော်တော်ကောင်းတာကိုတွေ့ရတယ်..။တော်တော်လည်းသဘောကျတယ်.။
ဘာပဲဖြစ်ဖြစ်..၊ဒီဇာတ်ကားလေးက အမှတ်တရ တစ်ခု အဖြစ်အမြဲရှိနေ မှာဖြစ်လို့..အခုလို မှတ်တမ်းတင်ထားလိုက်တာပါ..။

Read More...

Thursday, November 19, 2009

so many blogs,forums..etc

မြန်မာဘလော့ခ်တွေ၊ဖိုရမ်တွေ တော်တော်များတာ ပဲ..။

Read More...

Wednesday, November 18, 2009

Slax

ကချင်ပြည်နယ်ကိုသွားတဲ့အကြောင်းလေးဖြည်းဖြည်းချင်းရေးမယ်လို့စိတ်ကူးထားပါတယ်..၊မကြာပါဘူး...။အခုလက်ရှိ သုံးနေတဲ့ကွန်ပြူတာ က ထဖောက်ပါလေရော..။ သုံးနေရင်း နဲ့ ဘလူးစကရင်တတ် လာပြီးပြုတ်ကျသွား တယ်..။ ဘာကြောင့်ဖြစ်တယ်ဆို တာကို တောင်သေသေချာချာမဖတ်လိုက်ရ ပါ ဘူးဗျာ..။ကမန်းကတန်းတွေ့လိုက်တာ က တော့..Memory dump file ဘာဆိုလား ပဲ တွေ့လိုက်တယ်..။ အဲ့ဒါ နဲ့ နောက်တစ်ခါ စက်ပြန် တတ် တာ ကိုပြန် စောင့်ရ တာ ပေါ့..။ အဲ..၊ အဲ့ဒီမှာ ရုတ်တရက် ShutDown ဆို တော့ disk checking လုပ်တဲ့အဆင့် လည်းရောက် ရော.. ၁၄%ကနေ ဆက်မတတ် တော့ဘူး..။ အဲ့ဒါ နဲ့ လုပ်စရာရှိ တာ လုပ်နေ တုန်း ဖွင့်ထား လိုက်တယ်..။ နောက် တော်တော်လေးကြာ မှ ပြန် လာ ကြည့် တော့လည်း ၁၄ က နေ မတတ် တော့ဘူး..။ ပြသာနာ ပဲ ပေါ့..။ သိပ် မစောင့်လိုက်ရ ပါဘူး..။ Unspecified Error ဆိုပီး ပေါ် လာ ရော..။သွားပြီ..၊ပြသာနာပဲ ပေါ့..။ အဲ့ဒါ နဲ့ သိသလောက်လေးလုပ်ကြည့်ဦး မှာ ပဲ ပေါ့ ဆိုပြိး.. SafeMode နဲ့ဝင်ပြီး...၊restore လုပ်ကြည့်မယ်ဆိုပြီး လုပ်တယ်..။အဲ့ဒါ လည်းမရ ဘူး..။၃၊ ၄ နာရီလောက် ဖွင့်ထားပြီး...ရ မလားလို့ စောင့်ကြည့်သေး တယ်..။ မရ ဘူး..။ အဲ့ဒါ နဲ့..ဘာကြောင့်ဖြစ်တယ်ဆို တာ လေး တော့သိမှ ဖြစ် မယ်ဆိုပြီး.. တခြားနည်း ကြံရ တော့ တယ်..။ Slax ကိုသုံးပြီး (memory stick) နဲ့ ၀င်ကြည့်တော့..၀င်လို့ရ သွား တယ်..။ အရေးကြီး မယ်ထင်တာ လေး တွေ..၊တခြားအချက်အလက်လေး တွေ..၊ နောက် သီချင်း တချို့လေး တွေကိုSlaxကျေးဇူးကြောင့် ယူထားလိုက်နိုင်တယ်..။ အဲ့ဒါပီး တော့..၊ ဘာလို့ ဘလူးစကရင်ပေါ်ရ တာလည်းဆို တာ ကို..ရှာကြည့် တော့လည်း..ခေါင်း က လည်းပူထူ နေ တာ ရယ်..၊တခြား လုပ်စရာ တွေ က လည်းရှိ နေ သေး တာ ရယ် နဲ့.. သေသေချာချာ ကို မသိ လိုက်ဘူး..။ သိမ်းထား တဲ့ BackUp လုပ်တဲ့ အခွေ တို့..၊ HirenBootCD တို့ ကလည်း မရှိ တော့တော်တော်အလုပ်ရှုပ်သွား တယ်..။ ၀င်းဒိုးအခွေလေး ရှိ ရင် တောင် repair ပြန်လုပ်ကြည့်ရင် ရကောင်း ပါ ရဲ့ လို့ တွေးမိခဲ့ တယ်..။ ဒါ ပေ မယ့် နောက်ဆုံး တော့ လည်း..ဒီကွန်ပြူ တာ ကို ဆိုင် ပဲပြ လိုက်ရ တောာ့တယ်..။ ဆိုင် မှာ ပြ တာ တောင် တော်တော်ထားလိုက်ရ တယ်..။ အဲ့ဒီ့ရက်ပိုင်း လူ လည်း တော်တော်စိတ်လေသွား တယ်..။အခုလို ရေးတင် တာ က..ရင်ဖွင့် တဲ့အနေ နဲ့ ရေး လိုက် တာ..။
နောက်တစ်ခု က Slax ကြောင့်..၊ဘယ်လိုမှ ပြန် ၀င်လို့မရ တော့ ဘူးလို့ ထင် ထားတဲ့ အချက်အလက်တွေ..ပြန် ရ ခဲ့ တာ ကို လည်း မှတ်တမ်းတင်ထား ချင် တဲ့ သဘောလည်း ပါတယ်..။ Slax အကြောင်း တော့ သေသေချာချာ တော့ မသိ ဘူး..။တတ်သလောက်..၊မှတ်သလောက်..နဲ့သုံးကြည့် လိုက် ရ တဲ့အတွေ့အကြုံလေးတစ်ခုရ လိုက် တာ ပေါ့..။
သူ့စာမျက်နှာ ကို သွားလေ့လာရင် တော့ ပိုပြီးပြည့်ပြည့်စုံစုံ သိပါလိမ့်မယ်..။

Read More...

Saturday, November 7, 2009

မန္တလေးသို့အသွား..ရန်ကုန်-မန္တလေးကားလမ်းမဘေး..တစ်နေရာကပုံတစ်ပုံကိုအရင်စတင်လိုက်တယ်..။ အဲ့ဒီကိုသွားတုန်း က လမ်း မှာ ကားက တော် တော်ဒုက္ခပေးတယ်..။တလမ်းလုံးလေပေါင်ကျနေတာနဲ့.. မန္တလေးကို တော်တော်လေး နောက်ကျပြီးမှရောက်ခဲ့တယ်..။ အဲ့ဒီ့ ကားလိုင်း ကို လည်း တော်တော်လေး ကိုလန့်သွားခဲ့ တယ်..။နောင်ခရီး ထွက်ရင်အဲ့ဒီ့ ကားလိုင်း ကို မရွေး တော့ဘူး လို့ ဆုံးဖြတ် ခဲ့ တယ်..။

ဒါကတော့မန္တလေးဘူတာကြီးကနေမြစ်ကြီးနားကိုထွက်တဲ့အချိန်ရိုက်လိုက်တာ..။ရထားထိုးဖို့အချိန်ကနေ့လည် လို့လက်မှတ်မှာပါပေမယ့်တကယ်တမ်းတွဲထိုးလာတဲ့အချိန် က ညနေ ရောက်နေခဲ့ပြီလေ..။အဲ့ဒီတုန်းကစိတ်
မှာတော်တော်လေးကိုကြည်လင်လန်းဆန်းနေခဲ့တယ်.။အရမ်းရောက်ဖူးချင်နေတဲ့မြန်မာပြည်မြောက်ပိုင်းကိုခရီး
ထွက်ချင်ခဲ့တာတော်တော်ကြာနေခဲ့လို့ပါ..။ရထားလက်မှတ်ကအထူးတန်းလက်မှတ်..၊မန္တလေးကအသိအိမ်တစ်အိမ်က
ဝယ်ပေးထားပေးခဲ့တာပါ။မြစ်ကြီးနားရထားလမ်းကတော်တော်ဆိုးတယ်လို့ပြောတာကိုတော်တော်ထူးဆန်းနေခဲ့တယ်.။
ဘယ်လိုဆိုးတာများလဲပေါ့..။နောက်တော့မှ ဘယ်လိုဆက်ဖြစ်တယ်ဆိုတာကိုရေးပြတော့မယ်..။


Read More...

Tuesday, November 3, 2009

I HATE YOU

ဒီ လိုဂို လေး ကို ကြည့်တတ်ရင်မြင်လိမ့်မယ်.။

တကယ်တမ်း..ဒီပို့စ် ကိုတင်ရ မယ့် နေ့ က. ၂.၁၁.၂၀၀၉(တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့) က တင်ခဲ့ရ မှာ..။
မထင် မှတ် ထား တာ တွေရလိုက် တဲ့ နေ့တစ်နေ့ ဖြစ် သလို..ဘယ်တော့မှ မမေ့နိုင်မယ့် နေ့တစ်နေ့ဖြစ်သွားပြီ..။

Read More...