Sunday, July 29, 2007

Good Bye Moscow.

ကျွန်တော် ဒီပို့စ်လေး ကိုအမှတ်တရ တစ်ခု အနေ နဲ့ရေးပါတယ်..။ ကျွန်တော့် မှာ စာရေးခြင်း အနုပညာ (art of writing ) ဆိုတာ မရှိပါ..။
အခု ပို့စ်လေး ကိုတော့ ကျွန်တော့် စိတ်ထဲမှာ ရှိနေသော ခံစားချက်များ အတိုင်း တင်လိုက်ပါတယ်..။
ကျွန်တော် နဲ့ နှစ် နှစ်တာ ကာလအတွင်းမှာ လို အပ် တာ မှန်သမျှ ကို ကူညီပေးခဲ့ သော Ko TNS, Ko NLA , Ko MT,Ko AKS ,Ko ZZL ,Ko KZYS, Ko HHA ,Ko KZL, Ko TH နဲ့ Ko KKA တို့ ကို ကျေးဇူး အများကြီးတင်ပါတယ် ဆို တဲ့ အကြောင်း ပြောလိုပါတယ်..။
ပြီးတော့ တစ်ခါတစ်ခါ မှာ ကျွန်တော် စိတ်တိုတို နဲ့ ပြော ခဲ့သမျှ ကို သည်းခံ ခွင့်လွှတ်ပေး ခဲ့ ပေး တဲ့ သူငယ်ချင်း ၅-ယောက် ကို လည်း လုံးဝ မေ့ သွားမှာ မဟုတ် ပါ..။
ကျွန်တော့် နဲ့ ၅နှစ်တာ ကာလမှာ တွေ့ ကြုံ လာခဲ့ရုံ သာမက အခု ထက်တိုင် ကျွန်တော့် အပေါ် မှာ စေတနာ အပြည့် ဖြင့် ကူညီ ခဲ့ ကျ တဲ့ ၇၄-ယောက်သော သူငယ်ချင်း များ အားလုံး ကို အများကြီး ကျေးဇူးတင်ကြောင်း ပြော လို ပါတယ်..။
နောက် ပြီးတော့ ကျွန်တော့်၏ ချစ်ရ ပါသော ဆရာမကြီး Nina Peterovvana ကိုလည်း အမြဲတမ်း အမှတ်ရ နေမှာဖြစ်ပါတယ်..။
ခဏ တာသာ တွေ့ ခဲ့ ရ သော ကျွန်တော့်ရဲ့ ဆရာ ကြီး Macilekov ကိုလည်း သတိတရ ရှိေ န မှာ ပါ..။
နောက် ထပ် မမေ့ နိုင်မှာ တစ်ခု ကတော့ မော်စကို ဆောင်း ရာသီ နဲ့ နွေဦးည များ ဖြစ်မယ်ထင်တယ်..။ နောက်တစ်ခု ကတော့ ကျွန်တော် အရမ်းသွားချင် တဲ့ ၊ မရောက်လိုက်တဲ့ စိန့်ပီတာစဘတ် ရဲ့ နေမ၀င်ညများ သတိရ နေ မှာဖြစ်ပါတယ်.။
မည်သူ ကို မှ ထိခိုက် လိုခြင်း ..၊ အဆိုးမြင် စေခြင်းများ ၊ တိုက်ခိုက် လိခြင်းများ နဲ့ ဒီပို့စ် ကို တင် တာ မဟုတ် ပါ ဘူး..။ ကျွန်တော့် အရေးအသားများ လိုအပ်တာရှိနေ ရင် သည်းခံ ပေး ကြ ပါရန် ဘလော့ဂါ များ ကို မေတ္တာရပ်ခံ ပါတယ်..။

Read More...

Tuesday, July 24, 2007

ပရဟိတ

ဒီ ပို့စ်လေး ကိုတော့ ယူဆဂိ ရဲ့ ဘလော့ခ်လေးမှ နေပြန် လည်ကူးထားတာဖြစ်ပါတယ်...။တကယ်လို့များ ကျွန်တော့် ဘလော့ခ် ကို မျက်စိလည် လမ်းမှားပြီးရောက်လာကျတဲ့ သူများ အနေ နဲ့လည်း တတ်နိုင်သမျှ ပါဝင် လှူဒါန်း စေချင်တဲ့ ရည်ရွယ် ချက်လေး ကြောင့် ပါ ..။
မယူဆဂရဲ့ ပို့စ်အပြည့်အစုံ ဖြစ်ပါတယ်။

တိုင်းရင်းသား မိမဲ့၊ဘမဲ့၊မိဘမဲ့၊ ခိုကိုးရာမဲ့ ကလေးများ၏
(ဗလငါးတန်) ဘက်စုံ ဖွံဖြိုးတိုးတတ် မြှင့်တင်ပေးနိုင်စေရေး

အတွက် ၊ပံ့ပိုးလှူဒါန်းလိုသည့် စေတနာရှင်အပေါင်းများ ကိုဖိတ်ခေါ်ပါသည်။
မိမိတို့၏ လုပ်အားဒါန ဖြစ်စေ၊ ငွေအားဒါနဖြစ်စေ ၊ တတ်နိုင်သမျှပါဝင်လှူဒါန်းနိုင်စေရန် အလို့ငှာနှိုးဆော်အပ်ပါတယ်။အေးချမ်းသာ ပရဟိတကျောင်းတိုက် သို့အ၀င်

သနားစဖွယ်မိဘမဲ့ ကလေးများ၏ နားခိုအိပ်စက်ရာ အခန်းတွင်းမြင်ကွင်းလေး တစ်ခု

ချို့ တဲ့စွာပညာသင်ကြားနေရ သောမိဘမဲ့ ကလေးများ နှင့် စေတနာရှင် ဆရာမ

အေးချမ်းသာ ပရဟိတကျောင်းတိုက်
တာဂွ-သရက်ချောင်းလမ်း၊ တိုက်ကြီးမြို့နယ်၊ရန်ကုန်တိုင်း။

မဲ့နေသူ ကိုပြုံးအောင်လုပ်ပေးပါ။
သူတစ်ပါး ဒုက္ခကို သုခ ဖြင့် ကူညီပေးပါ။

Read More...

ဝှက်ကြည့် မယ်

ဒီနွားလှည်းပုံလေး အောက်မှာ ၀ှက်ထားတာလေးတစ် ခုရှိပါတယ်..။ဒီ ပုံလေးကို မူလပုံ အတိုင်း ချဲ့ပြီး save image as နဲ့ သိမ်းပြီး win rar နဲ့ဖွင့် ကြည့်ပါ..။ ရိုးရိုးတန်းတန်း ဆိုရင်တော့ ဓာတ်ပုံ လေးတစ်ပုံ အနေ နဲ့ဖွင့် နိုင်ပါတယ်။ ဘာလေးကျလာမလဲ ဆိုတာကိုတော့ စမ်းသပ်ကြည့်စေချင်ပါတယ်..။


ဒီပို့စ်လေး ကတော့ ရိုးမလိုလို နဲ့ဆန်းမယ်လို့ထင်ပါတယ်.။ မိမိ မသိစေချင်တဲ့အရေးကြီး အချက်အလက်တွေ ကိုအခု ပို့စ်မှာ ပါတဲ့ အတိုင်း ၀ှက်ထားလို့ တော့ရတယ်..။ အဲ...တစ်ခုတော့ ရှိတယ်..။delete လုပ်မိရင်တော့ ပါ သွားမှာ တော့ သေချာတယ်..။ ကျွန်တော် ဆိုလိုတာက ဓာတ်ပုံတစ်ပုံ ရဲ့ အောက်မှာ မိမိ ၀ှက်ချင်တဲ့ အချက်အလက်တွေ ကို RAR အနေနဲ့ဝှက်ထား မယ် ကိုပြောတာ။
၁-အရင်ဆုံးလုပ်ရမှာက မိမိကြိုက်နှစ်သက်ရာ ဓာတ်ပုံ တစ်ခုကို ရွေးပါ။
၂-မိမိ ၀ှက်လိုတဲ့ အချက်အလက်(သို့) စာရွက်စာတမ်း(သို့) ဓာတ်ပုံ ...အစရှိသဖြင့် တစ်ခုခု ကို folder တစ်ခု
ထဲ ကို ထည့်ပြီး အဲ့ဒီ့ ဖိုလ်ဒါ ကို rar/zip လုပ်လိုက်ပါ.။( password ပေးချင်ရင်လည်း ပေးလိုက်ပါ ။ )
၃-ပြီးရင်တော့ ခုနက ရွေးထားတဲ့ ဓာတ်ပုံ ရယ်..၊ rar ရယ် ကိုdriveတစ်ခုထဲမှာ တူတူထားလိုက်ပါ..။
(ကျွန်တော်က တော့ လွယ်အောင် C:\ ထဲမှာ အဲ့ဒီ့နှစ် ခုလုံး ကိုချလိုက်တယ် )
၎-နောက်ပြီးရင်တော့ command prompt ကိုခေါ် လိုက်ပါ ။
၅-အဲ့ဒီ မှာ directory ခေါ်လိုက်ပါ ( .....\cd\ ဆိုပြီးရိုက်ခေါ်လိုက်ပါ )
၆-ပြီးရင်တော့ copy /b (မိမိရွေးထားတဲ့ ပုံ) +(rar လုပ်ထားတဲ့ဖိုင်လ်) (မိမိကျစေချင်သော ပုံ ) (Enter )
၇-ပြီး ပါပြီ..။

ရှုပ်နေတယ်ဆို ရင်တော့ အောက် ကကျွန်တော်ရိုက်ထားတဲ့ command prompt ကိုကြည့်ပြီး တော့လုပ်နိုင်ပါတယ် ခင်ဗျာ..။


ဒါလေး ပါပဲ..။
ကျွန်တော်သိထားတာလေးကိုပြန်လည်တင်ပြတာဖြစ်ပါတယ်..။ လိုတာလေးများရှိရင် ဝေဖန်အကြံ ပေးနိုင်ပါ တယ်..။

Read More...

Sunday, July 22, 2007

swf in powerpoint

အခု တင်မယ့်ပို့စ်လေး ကတော့သိပြီးသားဖြစ်မယ်လို့ထင်ပါတယ်..။ သိပြီးသားကို ဘာလို့ထပ်တင်တာလဲ လို့မေးရင် တော့...သတိမထား မိတဲ့သူများအတွက်တင်တာပါ လို့ပြောချင်ပါတယ်...။

တလောက သူငယ်ချင်းတစ်ယောက် ကflash(swf-shockwave flash) လေးတွေ ကို မေးလ်ကနေ သူ့သူငယ်ချင်းဆီ ကို ပို့တယ်..။ဒါပေမယ့် သူ့ သူငယ်ချင်းစက် မှာ flash player မရှိတော့ unknown format အနေနဲ့ ပေါ် နေပြိးတော့ ဖွင့်လို့မရဘူးဖြစ် နေတယ်တဲ့..။
တကယ်တမ်း swf ကို flash exe လုပ်ပြီးပို့ရင် တော့ ဘယ်စက်မှာမဆို အဲ့ဒီ့ flash လေးကိုဖွင့်လို့ရတယ်။ exe ကို ကျတော့ မေးလ်တွေ ကနေ ပို့လို့မရတော့ခက်သွားပြန်ရော..။( တခြား file delivery တွေ ကနေ ပို့ရင်တော့ရပါတယ် )..။
အဲ့ဒီ့ အကြောင်း ကို ဟိုတစ်လောက စကားစပ်မိသွားတော့ ကျွန်တော့် သူငယ်ချင်းက မေးတယ်..။ flash player မရှိဘဲနဲ့ ကြည့်လို့ ရတဲ့ နည်းလေး မသိဘူးလားတဲ့..။ ကျွန်တော် က လည်း သိပ်သိ တာလည်း မဟုတ်..( သိတာက လည်းယောင်တောင်တောင်ရယ် ) ၊ အဲ့ဒါ နဲ့ ဒီနည်းလေး လုပ်ကြည့်ကွာ ဆိုပြီးတော့ ပြောလိုက် တယ်..။
Powerpoint ထဲမှာ flash embedded လုပ်ကြည့်တဲ့ နည်းလေးပါ..။စက်တိုင်းမှာ flash player မရှိပေမယ့် Microsoft Office ကိုတော့ တင်ထားကြမယ်၊ ရှိမယ်လို့ တော့ထင်ပါတယ်..။အဲ့ဒါ မို့လို့ ဒီ လိုလုပ်တာကို သိပြီးသားသူများ အတွက် ကတော့ဘာမှ မထူးခြားပေမယ့် သတိမထားမိသူများအတွက် ကတော့ အသုံးဝင်ကောင်းဝင်မယ် လို့ထင်ပါတယ်..။


အရင်ဆုံး လုပ်ရ မှာက powerpoint အသစ်လေးတစ်ခုထုတ်လိုက်ပါ..။
ပြီးရင်တော့ View > Toolbars > Control toolbox ကိုရွေးပါ။

ပြီးရင်တော့ More controls မှတဆင့် ကျလာ သော shockwave flash object ပုံပါအတိုင်းရွေးလိုက်ပါ..။

နောက်ပြီးရင် လုပ်ရမှာကတော့ layout ပေါ်မှာ မိမိလိုချင်တဲ့ အတိုင်းအတာတစ်ခု ကို drag နဲ့ ထောင့် မှန်တြိဂံ တစ် ခုလောက်ဆွဲလိုက်ပါ..။ထို့နောက် right click > properties ကိုပုံပါ အတိုင်းရွေးပေးပါ..။

ဒီ ဘောက်စ် လေးပေါ်လာမှာဖြစ်ပါတယ်.။အဲ့ဒီ့ ကမှ တဆင့် custom ကို နှိပ် လိုက်ပါက property pages ဆို တာလေးထပ်ပေါ် လာပါလိမ့်မယ်..။
အဲ့ဒီ မှာ မိမိထည့်ချင် သော swf ရှိတဲ့target ကို Movie URL ဆိုတဲ့ နေရာမှာမှာ ထည့်ပါ. extension ကို
.swf (dot swf) နဲ့ ပိတ်ပါ..။အဲ့ဒီ မှာ မိမိလိုတဲ့ အတိုင်းအတာ တွေ ကို လိုသလိုဖြည့်နိုင်ပါတယ်.။
ပြီးရင်တော့
အခု ပုံမှာ ပါတဲ့အတိုင်း မိမိတင်ထားတဲ့ swf ပေါ် လာပါလိမ့်မယ်။အဲ့ဒါ ဆိုရင်တော့နောက်ဆုံး လုပ်ရမှာ ကတော့ F5 နဲ့ slide show ကိုကြည့်ပြီးတော့ပြန်လည် သုံးသပ်နိုင်ပါတယ်..။ကျေနပ်ပြီဆိုရင်တော့ File > Save as နဲ့ သိမ်းလို့ရ ပါပြီ..။ flie type ကိုတော့ persentation အနေနဲ့ သိမ်းဖို့ ကိုတော့မမေ့ ပါနဲ့..။
ဒါ ဆိုရင်တော့ မိမိပို့လိုတဲ့ swf လေးတွေ ကို powerpoint အနေနဲ့ ပို့နိုင်ကြပါပြီ...။( မိမိ ပို့ လိုက်တဲ့သူ ဆီမှာတော့ powerpoint ကတော့ ရှိပြီးသားဖြစ် နေရင် ကောင်းကောင်းကြည့်လို့ရပါပြီ )

ကျွန်တော်သိထားတာလေးကိုပြန်လည်တင်ပြတာဖြစ်ပါတယ်..။ လိုတာလေးများရှိရင် ဝေဖန်အကြံ ပေးနိုင်ပါ တယ်..။

Read More...

အပေါင်းလက္ခဏာ အတွေးများ

ကျွန်တော် ဖတ်မိတဲ့ ဆရာကြီးလူထုစိန်ဝင်း ရဲ့ အတွေးအမြင်ဆောင်းပါးများ စာအုပ်လေးထဲ ကစာသားလေးတချို့ ကို ကျွန်တော့် သူငယ်ချင်းဆီ ကို ပို့ လိုက်ပြီးမှ အဲ့ဒါလေး ကို လည်း ပို့စ်လေးတစ်ခု အနေ နဲ့ တင် လိုက်ရင်ကောင်း မယ် ဆိုတာကို တွေး မိ လိုက်တယ်..။
ဒါလေး ကိုဖတ်ပြိးတော့ အတွေးလေးတစ်ခုခု ရသွားရင် ကျေနပ်ပါတယ်..။ ဆရာကြီးရေးထား တဲ့ အတိုင်း ကျွန်တော် ပြန်ရိုက်တင် လိုက်ပါတယ်..။ ဒီကဗျာလေး ဟာလူတွေရဲ့ စိတ်ထဲ က အနှုတ်လက္ခဏာ အတွေးတွေ ကို ဖယ်ရှားပေးနိုင် မယ်လို့မျှော်လင့်ပါတယ်..။

May You Always Have Positive Thoughts

May everyday of your life bring you fresh hopes for tomorrow?

Because hope gives all of us our reason for trying.

May each day bring a feeling of excitement, joy, and a wonderful sense of expectation. Expect the best, and you’ll get it.

May you find peace in simple things, because those are the ones that will always be there.

May you remember the good times and forget the sorrow and pain, for the good times will remind you of how special your life has been.

May you always feel secure and loved, and know you are the best.

May you experience all the good things in life- the happiness of realizing your dreams, the joy of feeling worthwhile, and the satisfaction of knowing you’ve succeeded.

May you find warmth in others, expressions of love and kindness, smiles that encourage you, and friends who are loyal and honest.

May you realize the importance of patience and accept others for what they are.With understanding and love, you’ll find the good in every heart.

May you have faith in others and the ability to be vulnerable. Open your heart and really share the miracle of love and intimacy.

Above all, may you always have positive thoughts.


အပေါင်းလက္ခဏာ အတွေးများ သင့် မှာ အမြဲတမ်း ရှိပါစေ

သင့်ဘ၀ရဲ့ နေ့စဉ်တိုင်းမှာ မနက်ဖြန်ရဲ့ မျှော်လင့် ချက်သစ်တွေ ဆောင်ကြဉ်းလာပါစေ။ ဘာကြောင့်လဲဆိုတော့ မျှော်လင့်ချက်က ကျွန်တော်တို့အားလုံး ကြိုးစားနေဖို့ အတွက်အ ကြောင်းပြချက် ပေးနေလို့ လေ။

နေ့သစ်တိုင်းဟာ ရင်ခုန်ရတဲ့ ၀မ်းမြောက်ကြည်နူးရတဲ့ မျှော်လင့်ခြင်းရဲ့ အံ့သြဖွယ်ရာ အနှစ်သာရ ကို ဆောင်ကြဉ်းလာပါစေ။ အကောင်းဆုံး ကိုမျှော်လင့်ရင် အကောင်းဆုံး ကို ရလိမ့် မယ်။

ရိုးစင်းတဲ့အရာလေးတွေထဲမှာ ငြိမ်းချမ်းခြင်း ကို ရှာဖွေတွေ့ရှိပါစေ။ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့အရာလေးတွေသာ အမြဲရှိနေကြမှာ မို့လို့ ပါ။

ကောင်းတဲ့အချိန်လေးတွေ ကိုအမြဲ သတိရနေပြီးတော့ ၀မ်းနည်းပူဆွေးရ တာတွေ ၊ ထိခိုက် နာကျင်

ရတာတွေ ကို မေ့ပျောက်နိုင်ပါစေ။

ဘာကြောင့် လဲဆိုတော့ အချိန်တွေက သင့်ဘ၀ဟာ ဘယ်လောက် ထူးခြားကောင်းမွန်ခဲ့တယ် ဆိုတာတွေကို သတိပေးနေလိမ့်မယ်လေ။

လုံခြုံမှုရှိတယ်၊ မေတ္တာတွေ အမြဲတမ်း ရခဲ့တယ်လို့စိတ်ခံစားမှု ရှိပါစေ။ ပြီးတော့ သင်ဟာ (ကံ) အကောင်းဆုံးလူ ဖြစ်တယ်ဆိုတာ သိနေပါ။

လူ့ဘ၀မှာ အကောင်းဆုံးဆိုတဲ့ အရာအားလုံး ကိုသင်ကြုံတွေ့ နိုင်ပါစေ။ အိပ်မက်တွေ အားလုံး အကောင်အထည် ဖော်နိုင်ဖို့ ခံစားရ တဲ့ ပျော်ရွှင်မှု ၊ လူဖြစ်ရကျိုးနပ် ပေတဲ့ ဆိုတဲ့ ခံစားမှုမျိုးကြောင့် ရတဲ့ ကြည်နူးမှု ၊ ပြီးတော့ အောင်မြင်ခဲ့ပါ လား ဆိုတဲ့ အသိကြောင့် ခံစားရတဲ့ ကျေနပ်အားရမှုတွေလေ။

တစ်ပါးသူများရဲ့ နွေးထွေးမှုတွေ ကိုလည်း ရှာတွေ့နိုင်ပါစေ။ မေတ္တာ ၊ ဂရုဏာ ၊ ပြသမှု တွေ နဲ့ သင့်ကို အားတတ်စေတဲ့ အားပေးပြုံးလေးတွေ ၊ ပြီးတော့ ရိုးသားပြီး သစ္စာရှိတဲ့ မိတ်ဆွေ များ ကိုပေါ့..။

သည်းခံခြင်း ရဲ့ အရေးပါမှု ကို နားလည်ပြီး လူတွေ အားလုံးကိုလည်း အရှိအတိုင်း လက်ခံ နိုင်ပါစေ။ နားလည်ခြင်းနဲ့ နှလုံးသား မှာ ကောင်း ကွက်လေးတွေ တွေ့ရှိနိုင်တယ်လေ..။

တစ်ပါးသူများ အပေါ် ယုံကြည်မှုရှိ ပြီး သိမ်မွေ့ နိုင်စွမ်း လည်းရှိပါစေ။ သင့်နှလုံးသား ကို ဟင်းလင်း

ဖွင့်ပြီး ချစ်ခင်ခြင်းနဲ့ ကျွမ်းဝင်ခြင်း တို့ ရဲ့ အံ့ မခန်း ဖွယ်ရာ များကို အမှန် တကယ် ဝေမျှပေးပါ..။

အားလုံးရဲ့ အဓိက အချက် ကတော့….

‘ အပေါင်းလက္ခဏာ အတွေးများ သင့် မှာ အမြဲတမ်း ရှိပါစေ ‘

Read More...

ပြင်ဆင်ခြင်း

ပစ်ထားတာကြာပြီဖြစ်တဲ့ ဘလော့ခ်လေး ကို ဖွင့်လိုက်တော့ Peekaboo လေးတွေ ကအလုပ်မလုပ်တော့
တာကိုတွေ့ လိုက်ရတယ်..။ ကံကောင်းချင်တော့ အဲ့ဒါ လေး ကိုပြင် တာကို ကိုရန်အောင် ပြင်ပေးထား တာ ကိုတွေ့ထား တာနဲ့ ပြင်ကြည့် လိုက်တယ်..။ အဲ့ ဒီအတွက် လည်း ကိုရန်အောင် ကို ကျေးဇူးတင်ကြောင်း ကို လည်း ဒီကနေ ပြောချင်ပါတယ်..။
အခုတော့ပြင်ပြီးသွားပြီ..။ကျွန်တော် read moreကို နှိပ်လိုက်တော့ ပြန်ရ နေပါတယ်..။တကယ်လို့များ မျက်စိ လည်လမ်းမှားပြီး ကျွန်တော့်ဘလော့ခ်လေး ကိုရောက်လာတဲက သူများ အနေ နဲ့ read more လေးတွေ မရ ခဲ့ရင် ပြောပေးပါဦး လို့ တောင်းဆိုပါရစေ..။

Read More...

Sunday, July 8, 2007

ခေါင်းစဉ်မရှိ

ဘလော့မတင်ရတာကြာပါပေါ့...၊ ပြောစရာတွေ..အများကြီးရှိတယ်..။ ဘလော့ခ် မှာမပြော တော့ပါဘူး..။ လက်တွေ့ အကောင်အထည် ဖော်တာကိုပဲမြင် ချင်တယ်

Read More...