Tuesday, July 27, 2010

ဝါဆိုလပြည့်ည




မနေ့က၀ါဆိုလပြည့်ည (ဓမ္မစကြာနေ့)မှာ ရောက်ဖြစ်တဲ့ပုံလေး တွေ ကို အမှတ်တရတင်လိုက်တယ်..။ ဓမ္မစကြာရွတ်ဖြစ်တယ်..။ ရုံးဖွင့်ရက်ဖြစ်လို့ လား မသိဘူး..။ လူသိပ်မများလှဘူး..။ ဘုန်းကြီး ကျောင်း ကို ရောက်တော့.. စရွတ်ကာစပဲ ရှိသေး တာမို့ တော်သေးတယ်..။ အခု ဘုရားဆင်းတုတော်တွေသီတင်း သုံး တဲ့ အထပ် မှာ တော့ ရွတ် နေ တဲ့ သူ တွေ ပြည့် နေ တာ မို့လို အပေါ်ဆုံးထပ် ကိုပဲ တတ်လာခဲ့တယ်..။ အပေါ်ဆုံးထပ် မှာ တော့ နေရာ ရတယ်..။ အရမ်းသပ္ပါယ်ဖို့ ကောင်း တာမို့ အခု လိုပုံ လေး တွေ ရိုက်ဖြစ် လာခဲ့တယ်..။ နောက်ပီး တော့.. အောက်ဆုံးထပ် မှာ တိုက်တဲ့ လက်ဖက်ရည် (တကယ့် ကိုမြန်မာ့လက်ဖက်ရည် အရသာ ) ကို ၂ခွက် သောက်ပစ်လိုက်တယ်..။ နောက်ပီး တော့ ရွှေတောင်မုန့်ဟင်းခါး တစ်ပွဲ စားတယ်..။ ဆရာ တော် က ခဏ နေ မှ အပူဇော်ခံ တာ နဲ့ ၀တ္ထုကပ်..၊ဦးချပြီး ပြန် လာ ခဲ့ တယ်..။


Read More...

Monday, July 5, 2010

ဓား

ဆရာကြီးမင်းဆွေ ရေးတဲ့ ဓား ဆိုတဲ့ စာအုပ် ထဲ က စာသားလေးတချို့ကြိုက် လို့ အခုပို့စ်မှာ တင်လိုက်တယ်..။ ရွှေအမြုတေ မှာဖတ်ရလို့ အဲ့ဒီ့စာသားလေးကို ပြန်သတိရလာ တာ..။

ငါ့မှာ တာဝန်များစွာ ကျန်သေးသည်။ ကုန်းပေါ်မှာ သေသေ၊ ရေထဲမှာ နေနေ၊ လေထဲမှာ ကြေကြေ၊ အထွတ်အထိပ်တွင် ငါနေမည်။ လာမည့် ဘေးပြေးမရှောင်၊ တွေ့အောင် ငါသွားမည်။ အိမ်သူကို ဧည့်သည် မစော်ကားရ။ ရန်သူကို ကလဲ့စားချေ။ အာမဘန္တေ”

ဆရာကြီး မင်းဆွေ၏ ဒါး(ဓား) ၀တ္ထုထဲက ဇာတ်ဆောင် မျိုးမြင့်ရန်နောင်ရဲ့ ဘုရားရှိခိုး အဓိဋ္ဌာန်ဖြစ်ပါတယ်။ မျိုးမြင့်ရန်နောင်ဟာ မြန်မာ့ သမိုင်းမှာ ထင်ရှားတဲ့ မင်းကြီး ရန်နောင်ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ ယိမ်းနွဲ့ပါး အနွယ်ဝင် ဓားတစ်လက်ကို ကိုယ်နဲ့မကွာ ဆောင်ထားတယ်။ သူဟာ မဟုတ်မခံစိတ် ရှိသူ၊ မျိုးချစ်စိတ် ပြင်း ထန်သူ၊ ဗြိတိသျှ အစိုးရကို တော်လှန် ပုန်ကန်ဖို့ အမြဲ ကြံစည်နေသူ ဖြစ်တယ်။ သူနဲ့ ပြိုင်ဘက် မြဒင်ဆိုတဲ့ အင်္ဂလိပ် အလိုတော်ရိ၊ ပြီးတော့ မြင်မြင်ဆိုတဲ့ မိန်းကလေး။ ဒီသုံးယောက်ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းကို နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ရောယှက် ရေးသားထားပါတယ်။

ဒီဝတ္ထုထဲက ဇာတ်ဆောင်ဟာ တစ်ကိုယ်တော် ၀ါဒီ တစ်ယောက်လို့ ဝေဖန်ကြတာမျိုး ရှိပေမယ့် အဲဒီ ကာလတုန်းကတော့ လူငယ်တွေရဲ့ စံပြဇာတ်ကောင် ဖြစ်ခဲ့ပါတယ်။ လူငယ်တွေကို သတ္တိရှိဖို့၊ သစ္စာရှိဖို့၊ စာရိတ္တခိုင်မာဖို့၊ မျိုးချစ်စိတ် ရှိဖို့ လှုံ့ဆော်ပေးနိုင်ခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ခဲ့ပါတယ်။
ဒီစာအုပ်ထွက်လာချိန်ဟာ ဂျပန်ခေတ်ဖြစ် တာကြောင့် ဖက်ဆစ်စနစ်ကို မုန်းတီးနေတဲ့ လူငယ်တွေကြားမှာ “အိမ်သူ (အိမ်ရှင်)ကို ဧည့်သည် မစော်ကားရ၊ ရန်သူကို ကလဲ့စားချေ။ အာမဘန္တေ” ဆိုတဲ့ စကားလုံးဟာ ခေတ်စားနေခဲ့ ပါတယ်။ လူငယ် တော်တော်များများဟာ ဒီစကားလုံးတွေကို အလွတ် ကျက်ပြီး ကြွေးကြော်သံလို ရွတ်ဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

(ဆရာအောင်သင်းတောင် အဲဒီ စာပုဒ်ကို အလွတ်မှတ်မိ နေပြီး ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေမှာ ရွတ်ဆိုပြတတ်တယ်လို့ ကြားဖူးပါ တယ်) ဒီစာအုပ်ဟာ ဂျပန်ခေတ် မြန်မာနိုင်ငံ စာရေးဆရာ အသင်းက ပထမဆုံး အကြိမ် ချီးမြှင့်တဲ့ စာပေဆု (ငွေကျပ် ၁၀၀၀) ရရှိခဲ့ပါတယ်။
ဆရာကြီး မင်းဆွေမှာ စိတ်ထိခိုက် လွယ်တဲ့ ဝေဒနာ ရှိတယ်လို့ ဆိုပါတယ်။ ဒီလို ဝေဒနာမျိုး ကတော့ အနုပညာသမား စစ်စစ်တိုင်း လိုလိုမှာ အနည်းနဲ့ အများတော့ ရှိတတ်ကြတာ ပါပဲ။ ဆရာကြီး ကတော့ နည်းနည်း ပိုပြင်းထန်သလား မသိ။ အဲဒီ အကျိုးဆက် ကြောင့်ပဲ ထင်ရဲ့။ ၁၉၄၉ ဇူလိုင် ၂၆ ရက်နေ့မှာ အိမ်ကနေ ထွက်သွားရာက လုံးဝ ပြန်မလာ တော့ဘဲ ထူးဆန်းစွာ ပျောက်ဆုံး သွားခဲ့တာ ဒီနေ့ အထိပါပဲ။

ဓားဝတ္ထုကို အသံတိတ်ခေတ်က မင်းသား ကျော်အေးနဲ့ ရုပ်ရှင် ရိုက်ကူးခဲ့ပြီး အသံထွက် ခေတ်မှာ စိုးရွှေနဲ့ ပြန်လည် ရိုက်ကူးခဲ့ပါတယ်။ ဗီဒီယို ခေတ်မှာလည်း ကျော်သူ ခေါင်းဆောင်ပြီး ရိုက်ကူးခဲ့ ပါသေးတယ်။ ဆရာကြီးမင်းဆွေဟာ ၁၉၁၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်တဲ့ အတွက် အခု ၂၀၁၀ပြည့်နှစ်၊ ဇွန် ၈ မှာ အသက် ၁၀၀ ပြည့်ပြီ ဖြစ်လို့ ဂုဏ်ပြု ညွှန်းဆို လိုက်ခြင်း ဖြစ်ပါ တယ်။


အခုစာသားတွေက ရွှေအမြုတေ စာမျက်နှာမှာပါတာတွေကို တင်ခြင်းသက်သက်ဖြစ်တယ်..။

Read More...