Sunday, July 29, 2007

Good Bye Moscow.

ကျွန်တော် ဒီပို့စ်လေး ကိုအမှတ်တရ တစ်ခု အနေ နဲ့ရေးပါတယ်..။ ကျွန်တော့် မှာ စာရေးခြင်း အနုပညာ (art of writing ) ဆိုတာ မရှိပါ..။
အခု ပို့စ်လေး ကိုတော့ ကျွန်တော့် စိတ်ထဲမှာ ရှိနေသော ခံစားချက်များ အတိုင်း တင်လိုက်ပါတယ်..။
ကျွန်တော် နဲ့ နှစ် နှစ်တာ ကာလအတွင်းမှာ လို အပ် တာ မှန်သမျှ ကို ကူညီပေးခဲ့ သော Ko TNS, Ko NLA , Ko MT,Ko AKS ,Ko ZZL ,Ko KZYS, Ko HHA ,Ko KZL, Ko TH နဲ့ Ko KKA တို့ ကို ကျေးဇူး အများကြီးတင်ပါတယ် ဆို တဲ့ အကြောင်း ပြောလိုပါတယ်..။
ပြီးတော့ တစ်ခါတစ်ခါ မှာ ကျွန်တော် စိတ်တိုတို နဲ့ ပြော ခဲ့သမျှ ကို သည်းခံ ခွင့်လွှတ်ပေး ခဲ့ ပေး တဲ့ သူငယ်ချင်း ၅-ယောက် ကို လည်း လုံးဝ မေ့ သွားမှာ မဟုတ် ပါ..။
ကျွန်တော့် နဲ့ ၅နှစ်တာ ကာလမှာ တွေ့ ကြုံ လာခဲ့ရုံ သာမက အခု ထက်တိုင် ကျွန်တော့် အပေါ် မှာ စေတနာ အပြည့် ဖြင့် ကူညီ ခဲ့ ကျ တဲ့ ၇၄-ယောက်သော သူငယ်ချင်း များ အားလုံး ကို အများကြီး ကျေးဇူးတင်ကြောင်း ပြော လို ပါတယ်..။
နောက် ပြီးတော့ ကျွန်တော့်၏ ချစ်ရ ပါသော ဆရာမကြီး Nina Peterovvana ကိုလည်း အမြဲတမ်း အမှတ်ရ နေမှာဖြစ်ပါတယ်..။
ခဏ တာသာ တွေ့ ခဲ့ ရ သော ကျွန်တော့်ရဲ့ ဆရာ ကြီး Macilekov ကိုလည်း သတိတရ ရှိေ န မှာ ပါ..။
နောက် ထပ် မမေ့ နိုင်မှာ တစ်ခု ကတော့ မော်စကို ဆောင်း ရာသီ နဲ့ နွေဦးည များ ဖြစ်မယ်ထင်တယ်..။ နောက်တစ်ခု ကတော့ ကျွန်တော် အရမ်းသွားချင် တဲ့ ၊ မရောက်လိုက်တဲ့ စိန့်ပီတာစဘတ် ရဲ့ နေမ၀င်ညများ သတိရ နေ မှာဖြစ်ပါတယ်.။
မည်သူ ကို မှ ထိခိုက် လိုခြင်း ..၊ အဆိုးမြင် စေခြင်းများ ၊ တိုက်ခိုက် လိခြင်းများ နဲ့ ဒီပို့စ် ကို တင် တာ မဟုတ် ပါ ဘူး..။ ကျွန်တော့် အရေးအသားများ လိုအပ်တာရှိနေ ရင် သည်းခံ ပေး ကြ ပါရန် ဘလော့ဂါ များ ကို မေတ္တာရပ်ခံ ပါတယ်..။

No comments: