Saturday, November 7, 2009

မန္တလေးသို့အသွား..ရန်ကုန်-မန္တလေးကားလမ်းမဘေး..တစ်နေရာကပုံတစ်ပုံကိုအရင်စတင်လိုက်တယ်..။ အဲ့ဒီကိုသွားတုန်း က လမ်း မှာ ကားက တော် တော်ဒုက္ခပေးတယ်..။တလမ်းလုံးလေပေါင်ကျနေတာနဲ့.. မန္တလေးကို တော်တော်လေး နောက်ကျပြီးမှရောက်ခဲ့တယ်..။ အဲ့ဒီ့ ကားလိုင်း ကို လည်း တော်တော်လေး ကိုလန့်သွားခဲ့ တယ်..။နောင်ခရီး ထွက်ရင်အဲ့ဒီ့ ကားလိုင်း ကို မရွေး တော့ဘူး လို့ ဆုံးဖြတ် ခဲ့ တယ်..။

ဒါကတော့မန္တလေးဘူတာကြီးကနေမြစ်ကြီးနားကိုထွက်တဲ့အချိန်ရိုက်လိုက်တာ..။ရထားထိုးဖို့အချိန်ကနေ့လည် လို့လက်မှတ်မှာပါပေမယ့်တကယ်တမ်းတွဲထိုးလာတဲ့အချိန် က ညနေ ရောက်နေခဲ့ပြီလေ..။အဲ့ဒီတုန်းကစိတ်
မှာတော်တော်လေးကိုကြည်လင်လန်းဆန်းနေခဲ့တယ်.။အရမ်းရောက်ဖူးချင်နေတဲ့မြန်မာပြည်မြောက်ပိုင်းကိုခရီး
ထွက်ချင်ခဲ့တာတော်တော်ကြာနေခဲ့လို့ပါ..။ရထားလက်မှတ်ကအထူးတန်းလက်မှတ်..၊မန္တလေးကအသိအိမ်တစ်အိမ်က
ဝယ်ပေးထားပေးခဲ့တာပါ။မြစ်ကြီးနားရထားလမ်းကတော်တော်ဆိုးတယ်လို့ပြောတာကိုတော်တော်ထူးဆန်းနေခဲ့တယ်.။
ဘယ်လိုဆိုးတာများလဲပေါ့..။နောက်တော့မှ ဘယ်လိုဆက်ဖြစ်တယ်ဆိုတာကိုရေးပြတော့မယ်..။


Read More...

Tuesday, November 3, 2009

I HATE YOU

ဒီ လိုဂို လေး ကို ကြည့်တတ်ရင်မြင်လိမ့်မယ်.။

တကယ်တမ်း..ဒီပို့စ် ကိုတင်ရ မယ့် နေ့ က. ၂.၁၁.၂၀၀၉(တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့) က တင်ခဲ့ရ မှာ..။
မထင် မှတ် ထား တာ တွေရလိုက် တဲ့ နေ့တစ်နေ့ ဖြစ် သလို..ဘယ်တော့မှ မမေ့နိုင်မယ့် နေ့တစ်နေ့ဖြစ်သွားပြီ..။

Read More...

Tuesday, October 27, 2009

စိတ်ထွက်ပေါက်

ဒီပုံလေး က စိတ်ညစ် နေ တဲ့ သူတွေအတွက် ခွန်အားလေးတစ်ခု ဖြစ်တန် ကောင်း ပါ ရဲ့..။
အခုလက်ရှိအချိန် ကို ပျော်ပျော် နေ ပါ..။


လုပ်ချင်သမျှ အရာမထင်သေး တဲ့သူများအတွက်ရည်ရွယ်ပါတယ်။


တစ်စုံတစ်ယောက်နဲ့ပတ်သတ်ပြီးစိတ်သောကရောက် နေတဲ့သူတွေအတွက်ပြေရာပြေကြောင်းလေးတစ်ခုဖြစ်ပါစေ..။


ကွန်ပြူတာရှေ့မှာ ပဲအချိန် ကုန်ပြီးတစ်စုံတစ်ယောက်(သို့)သူငယ်ချင်းတွေနဲ့ဝေးကွာပြီး စိတ်မချမ်းသာ တဲ့အဖြစ်မျိုး ကင်းဝေးနိုင်ကြပါစေ..။

အလုပ်တွေအရမ်းပိပြီး အရမ်းပင်ပမ်းမနေစေချင်ပါဘူး..။စိတ်ထွက်ပေါက်လေးတွေတော့ရှိစေချင်ပါတယ်။

Read More...

Liberkey

စာလိုက်ဖတ်ရင်း နဲ့..အသုံးဝင်မယ့် လင့်ခ်လေးတစ်ခု တွေ့လိုက်တယ်..။သိပြီးသား သူတွေ သိ ပြီးဖြစ် နေ ပေမယ့်..၊မသိသေး တဲ့ သူများ ဖတ်မိရင် တော့.. အသုံးဝင်မယ်ထင်လို့ဒီ ပို့စ်လေးကိုတင်ဖြစ်သွား ပါ တယ်..။
တချို့ က ဆော့ဖ်ဝဲဆိုရင်..အရူးအမူးဖြစ်တတ်ကြ တဲ့ သူတွေရှိ ပါ တယ်..။ USB ထဲ ထည့်သွားလို့ရ တဲ့ Portable software နဲ့ပတ်သတ်ပြီး အရင်တုန်း က ကျွန် တော်သိ ထား တာ က..
http://portableapps.com/ လောက်ပဲ သိ တာ ပါ..။
အခု ကျွန် တော်ပြောချင် တဲ့ လင့်ခ်လေး မှာ တော့ portable software လေးတွေသာ မက..၊ခြား ကိုယ့်စက်ထဲ မှာ ပေါ့ ပေါ့ပါးပါး နဲ့ အသုံး ၀င် မယ့်ဆော့ဖ်ဝဲလေးတွေ ပါ တွေ့နိုင်ပါတယ်..။စိတ် ၀င်စားတဲ့သူများသွားရောက် လေ့လာမယ်ဆိုရင်... http://www.liberkey.com/en/ ဖြစ်ပါတယ်..။

Read More...

Monday, October 26, 2009

မာရီနာတမံ

ရောက်သာရောက်ခဲ့တာပါ..။စိတ်တွေနောက်နောက်ကျိကျိနဲ့ရောက်ခဲ့တယ်..။အရာရာဟာမှောင်မှိုင်းလို့..။



ဒီပုံလေးကတိမ်တွေ ကိုဦးစားပေးထား တာလေ..။တချို့ ကဒီလိုတိမ်လွင်လွင်လေးတွေ ကိုကြိုက်ကြတယ်..။အမှတ်တရတစ်ခုအနေ နဲ့တင်ခဲ့ပါတယ်..။ကျွန်တော်လည်းတိမ်လွင်လွင်လေးတွေကိုအရမ်းကြိုက်တယ်..။






Marina Barrage ရောက်တုန်း ကရိုက်လိုက်တဲ့ပုံတချို့..။

Read More...

စိတ်ရှည်ရမည်

ဘလော့ဂ်လေးကိုပစ်ထား တာဘာလိုလိုနဲ့၂နှစ်လောက်ကြာသွား ပါပေါ့လား..။အရင် ကလို ရေးချင် တယ်..။ဒါ ပေမယ့် အခု လောလောဆယ် ရေးမယ်လို့ လုပ်လိုက် ပေ မယ့်... စိတ်တွေအရမ်းညစ် နေ တာ နဲ့ မရေးတော့ဘူး..။စိတ်ရှည်ရှည်ထား ပြီး ထပ်စောင့်ကြည့်လိုက်ဦးမယ်..။ တကယ်တမ်းရေးချင်တာ က စိတ်ကြည်ကြည်လင်လင်၊အေးအေးဆေးဆေး နဲ့ပျော်ပျော်ရွှင်ရွှင်လေး ရေးချင်တယ်..။သိပ်မစောင့်ရတော့ဘူး ထင်တာ ပါပဲ..။

Read More...

Sunday, July 29, 2007

Good Bye Moscow.

ကျွန်တော် ဒီပို့စ်လေး ကိုအမှတ်တရ တစ်ခု အနေ နဲ့ရေးပါတယ်..။ ကျွန်တော့် မှာ စာရေးခြင်း အနုပညာ (art of writing ) ဆိုတာ မရှိပါ..။
အခု ပို့စ်လေး ကိုတော့ ကျွန်တော့် စိတ်ထဲမှာ ရှိနေသော ခံစားချက်များ အတိုင်း တင်လိုက်ပါတယ်..။
ကျွန်တော် နဲ့ နှစ် နှစ်တာ ကာလအတွင်းမှာ လို အပ် တာ မှန်သမျှ ကို ကူညီပေးခဲ့ သော Ko TNS, Ko NLA , Ko MT,Ko AKS ,Ko ZZL ,Ko KZYS, Ko HHA ,Ko KZL, Ko TH နဲ့ Ko KKA တို့ ကို ကျေးဇူး အများကြီးတင်ပါတယ် ဆို တဲ့ အကြောင်း ပြောလိုပါတယ်..။
ပြီးတော့ တစ်ခါတစ်ခါ မှာ ကျွန်တော် စိတ်တိုတို နဲ့ ပြော ခဲ့သမျှ ကို သည်းခံ ခွင့်လွှတ်ပေး ခဲ့ ပေး တဲ့ သူငယ်ချင်း ၅-ယောက် ကို လည်း လုံးဝ မေ့ သွားမှာ မဟုတ် ပါ..။
ကျွန်တော့် နဲ့ ၅နှစ်တာ ကာလမှာ တွေ့ ကြုံ လာခဲ့ရုံ သာမက အခု ထက်တိုင် ကျွန်တော့် အပေါ် မှာ စေတနာ အပြည့် ဖြင့် ကူညီ ခဲ့ ကျ တဲ့ ၇၄-ယောက်သော သူငယ်ချင်း များ အားလုံး ကို အများကြီး ကျေးဇူးတင်ကြောင်း ပြော လို ပါတယ်..။
နောက် ပြီးတော့ ကျွန်တော့်၏ ချစ်ရ ပါသော ဆရာမကြီး Nina Peterovvana ကိုလည်း အမြဲတမ်း အမှတ်ရ နေမှာဖြစ်ပါတယ်..။
ခဏ တာသာ တွေ့ ခဲ့ ရ သော ကျွန်တော့်ရဲ့ ဆရာ ကြီး Macilekov ကိုလည်း သတိတရ ရှိေ န မှာ ပါ..။
နောက် ထပ် မမေ့ နိုင်မှာ တစ်ခု ကတော့ မော်စကို ဆောင်း ရာသီ နဲ့ နွေဦးည များ ဖြစ်မယ်ထင်တယ်..။ နောက်တစ်ခု ကတော့ ကျွန်တော် အရမ်းသွားချင် တဲ့ ၊ မရောက်လိုက်တဲ့ စိန့်ပီတာစဘတ် ရဲ့ နေမ၀င်ညများ သတိရ နေ မှာဖြစ်ပါတယ်.။
မည်သူ ကို မှ ထိခိုက် လိုခြင်း ..၊ အဆိုးမြင် စေခြင်းများ ၊ တိုက်ခိုက် လိခြင်းများ နဲ့ ဒီပို့စ် ကို တင် တာ မဟုတ် ပါ ဘူး..။ ကျွန်တော့် အရေးအသားများ လိုအပ်တာရှိနေ ရင် သည်းခံ ပေး ကြ ပါရန် ဘလော့ဂါ များ ကို မေတ္တာရပ်ခံ ပါတယ်..။

Read More...