Sunday, May 9, 2010

THE LEGEND OF KING NERASUAN


ဒီနေ့..အမေနေ့ တဲ့.. ။အမေ့ ဆီဖုန်း ဆက်တာ တိုက်ရိုက်ခေါ် တော့ လည်း ဖုန်း မကိုင် ဘူး..။ ကဒ်နဲ့ ခေါ် တော့ လည်း မရ ဘူး..။ အိမ် က ဖုန်း က တခါတလေ.. အဲ့ လို ပဲ.. ဒီကခေါ်ရင် ဖုန်းမြည်နေ တယ်လို့ ထင် ရ ပေမယ့်.. တကယ့် ဟိုဖက် မှာ တော့မြည်ချင်မှမြည်တာ..။ ဘယ်လိုပဲဖြစ်ဖြစ်.. အမေနေ့ ဆိုပေမယ့်.. အဖေ့ ကို ကော..၊အမေ့ ကို ကော.. သတိရပါတယ်..။
လက်ဖက်စားပီးအိပ်မရ ဘူးဖြစ် နေတယ်..။ အခု လောလောဆယ်..လှိုင်းစီးရင်း နဲ့..စိတ်ဝင်စား တာလေးတွေလိုက်ဖတ်ဖြစ်နေတယ်..။ ရုပ်ရှင်ကြည့်ရတာ ၀ါသနာမပါပေမယ့်နရစွမ် အကြောင်းရိုက်ထား တဲ့ ဇာတ်ကားတစ်ကား တွေ့ တာ နဲ့ အင်တာနက်ဒေါင်းလုတ်မန်နေဂျာနဲ့ ချထားလိုက်တယ်..။ ထိုင်း ကရိုက်တာ..။ သူတို့နိုင်ငံသမိုင်းမှာ အခမ်းနားဆုံး..အကုန်အကျအများဆုံးလို့ ဆို တယ်..။ ဘုရင့်နောင်မင်းတရားကြီးလက်ထက်..ယိုးဒယား က နရစွမ်မင်းသား ကို ဟံသာဝတီကိုခေါ်လာပြီး.. နရစွမ်မင်းသား က ပြန်လည် တော်လှန် တဲ့ အကြောင်းကိုရိုက်ထား တာ..။ အသေးစိတ် ကို ဖတ်ချင်ရင်တော့.. ဒီမှာ... သွားဖတ်လို့ရတယ်..။ အဲ့ မှာ တော့ တော်တော်စုံစုံလင်လင်ကို ရေး ပေး ထား တာ ကို တွေ့ရတယ်..။

No comments: