Tuesday, July 27, 2010

ဝါဆိုလပြည့်ည




မနေ့က၀ါဆိုလပြည့်ည (ဓမ္မစကြာနေ့)မှာ ရောက်ဖြစ်တဲ့ပုံလေး တွေ ကို အမှတ်တရတင်လိုက်တယ်..။ ဓမ္မစကြာရွတ်ဖြစ်တယ်..။ ရုံးဖွင့်ရက်ဖြစ်လို့ လား မသိဘူး..။ လူသိပ်မများလှဘူး..။ ဘုန်းကြီး ကျောင်း ကို ရောက်တော့.. စရွတ်ကာစပဲ ရှိသေး တာမို့ တော်သေးတယ်..။ အခု ဘုရားဆင်းတုတော်တွေသီတင်း သုံး တဲ့ အထပ် မှာ တော့ ရွတ် နေ တဲ့ သူ တွေ ပြည့် နေ တာ မို့လို အပေါ်ဆုံးထပ် ကိုပဲ တတ်လာခဲ့တယ်..။ အပေါ်ဆုံးထပ် မှာ တော့ နေရာ ရတယ်..။ အရမ်းသပ္ပါယ်ဖို့ ကောင်း တာမို့ အခု လိုပုံ လေး တွေ ရိုက်ဖြစ် လာခဲ့တယ်..။ နောက်ပီး တော့.. အောက်ဆုံးထပ် မှာ တိုက်တဲ့ လက်ဖက်ရည် (တကယ့် ကိုမြန်မာ့လက်ဖက်ရည် အရသာ ) ကို ၂ခွက် သောက်ပစ်လိုက်တယ်..။ နောက်ပီး တော့ ရွှေတောင်မုန့်ဟင်းခါး တစ်ပွဲ စားတယ်..။ ဆရာ တော် က ခဏ နေ မှ အပူဇော်ခံ တာ နဲ့ ၀တ္ထုကပ်..၊ဦးချပြီး ပြန် လာ ခဲ့ တယ်..။


No comments: