Sunday, May 9, 2010

THE LEGEND OF KING NERASUAN


ဒီနေ့..အမေနေ့ တဲ့.. ။အမေ့ ဆီဖုန်း ဆက်တာ တိုက်ရိုက်ခေါ် တော့ လည်း ဖုန်း မကိုင် ဘူး..။ ကဒ်နဲ့ ခေါ် တော့ လည်း မရ ဘူး..။ အိမ် က ဖုန်း က တခါတလေ.. အဲ့ လို ပဲ.. ဒီကခေါ်ရင် ဖုန်းမြည်နေ တယ်လို့ ထင် ရ ပေမယ့်.. တကယ့် ဟိုဖက် မှာ တော့မြည်ချင်မှမြည်တာ..။ ဘယ်လိုပဲဖြစ်ဖြစ်.. အမေနေ့ ဆိုပေမယ့်.. အဖေ့ ကို ကော..၊အမေ့ ကို ကော.. သတိရပါတယ်..။
လက်ဖက်စားပီးအိပ်မရ ဘူးဖြစ် နေတယ်..။ အခု လောလောဆယ်..လှိုင်းစီးရင်း နဲ့..စိတ်ဝင်စား တာလေးတွေလိုက်ဖတ်ဖြစ်နေတယ်..။ ရုပ်ရှင်ကြည့်ရတာ ၀ါသနာမပါပေမယ့်နရစွမ် အကြောင်းရိုက်ထား တဲ့ ဇာတ်ကားတစ်ကား တွေ့ တာ နဲ့ အင်တာနက်ဒေါင်းလုတ်မန်နေဂျာနဲ့ ချထားလိုက်တယ်..။ ထိုင်း ကရိုက်တာ..။ သူတို့နိုင်ငံသမိုင်းမှာ အခမ်းနားဆုံး..အကုန်အကျအများဆုံးလို့ ဆို တယ်..။ ဘုရင့်နောင်မင်းတရားကြီးလက်ထက်..ယိုးဒယား က နရစွမ်မင်းသား ကို ဟံသာဝတီကိုခေါ်လာပြီး.. နရစွမ်မင်းသား က ပြန်လည် တော်လှန် တဲ့ အကြောင်းကိုရိုက်ထား တာ..။ အသေးစိတ် ကို ဖတ်ချင်ရင်တော့.. ဒီမှာ... သွားဖတ်လို့ရတယ်..။ အဲ့ မှာ တော့ တော်တော်စုံစုံလင်လင်ကို ရေး ပေး ထား တာ ကို တွေ့ရတယ်..။

Read More...

Saturday, May 8, 2010

Ubuntu 10.04


ဘလော့ခ် မရေးဖြစ်တာ တော်တော်ကြာနေတာနဲ့ သတိရတုန်းလေးပြန်ရေးဖြစ်တယ်.. ။ မရေးဖြစ်ပေမယ့်ဖတ်နေကျဘလော့ခ်လေးတွေကို တော့ သွားဖတ်ဖြစ်တယ်..။ အခုနောက်ပိုင်း ဖတ်စရာ မြန်မာ ဘလော့ခ်တွေတော်တော်များလာတာကို သတိထားမိတယ်..။ ဘလော့တစ်ခုဆိုတာကလည်း ဖတ်တဲ့သူ ရှိမှ ပို ပြီး အသက်ဝင်မှာလေ..။ အခုလိုမျိုး နှစ်လ နေ မှ တစ်ခါ တောင် မတင်ဖြစ်တဲ့ဘလော့ ကို ဘယ်သူက လာဖတ် ပါ့ မလဲ... ။ အခု လောလောဆယ်လုပ်ဖြစ် နေ တာ က.. Ubuntu 10.04 ကို စမ်းသုံးကြည့်နေ တယ်..။ အခု ပို့စ်ကို လည်း ဇော်ဂျီဖွန့် နဲ့ ဇော်ဂျီ လက်ကွက် တင်လို့ ရ တာ နဲ့ စမ်းရင်း နဲ့ တင်လိုက် တာ လည်း ပါတယ်..။
Ubuntu 10.04 မှာအရင် က နဲ့မတူ တာ က.. Close , Maximize , Minimize ခလုတ်တွေ က ဘယ်ဖက် ကို ရောက် ကုန် တာ..။ အခု တော့ ကိုယ့်ဖာသာ ကိုယ် ပဲ ညာဖက် ကို ပြန်ပို့ ထား တယ်..။ မသုံး တတ် လို့..။ TouchScreen support လုပ်တယ်လို့ဖတ်ဖူး ပေမယ့် အခု ကွန်ပြူတာ လေး က support မလုပ်တာ နဲ့ စမ်းလို့ မရ ဘူး ပေါ့..။ နောက်ပီး တင် ထား တာ က လည်း Virtual Machine နဲ့ တင် ထား တာဆို တော့လည်း..ကိုယ်စမ်းချင်တာလေး တွေ ကိုအတောသတ်ထားလိုက်တယ်..။

Read More...