Sunday, July 22, 2007

အပေါင်းလက္ခဏာ အတွေးများ

ကျွန်တော် ဖတ်မိတဲ့ ဆရာကြီးလူထုစိန်ဝင်း ရဲ့ အတွေးအမြင်ဆောင်းပါးများ စာအုပ်လေးထဲ ကစာသားလေးတချို့ ကို ကျွန်တော့် သူငယ်ချင်းဆီ ကို ပို့ လိုက်ပြီးမှ အဲ့ဒါလေး ကို လည်း ပို့စ်လေးတစ်ခု အနေ နဲ့ တင် လိုက်ရင်ကောင်း မယ် ဆိုတာကို တွေး မိ လိုက်တယ်..။
ဒါလေး ကိုဖတ်ပြိးတော့ အတွေးလေးတစ်ခုခု ရသွားရင် ကျေနပ်ပါတယ်..။ ဆရာကြီးရေးထား တဲ့ အတိုင်း ကျွန်တော် ပြန်ရိုက်တင် လိုက်ပါတယ်..။ ဒီကဗျာလေး ဟာလူတွေရဲ့ စိတ်ထဲ က အနှုတ်လက္ခဏာ အတွေးတွေ ကို ဖယ်ရှားပေးနိုင် မယ်လို့မျှော်လင့်ပါတယ်..။

May You Always Have Positive Thoughts

May everyday of your life bring you fresh hopes for tomorrow?

Because hope gives all of us our reason for trying.

May each day bring a feeling of excitement, joy, and a wonderful sense of expectation. Expect the best, and you’ll get it.

May you find peace in simple things, because those are the ones that will always be there.

May you remember the good times and forget the sorrow and pain, for the good times will remind you of how special your life has been.

May you always feel secure and loved, and know you are the best.

May you experience all the good things in life- the happiness of realizing your dreams, the joy of feeling worthwhile, and the satisfaction of knowing you’ve succeeded.

May you find warmth in others, expressions of love and kindness, smiles that encourage you, and friends who are loyal and honest.

May you realize the importance of patience and accept others for what they are.With understanding and love, you’ll find the good in every heart.

May you have faith in others and the ability to be vulnerable. Open your heart and really share the miracle of love and intimacy.

Above all, may you always have positive thoughts.


အပေါင်းလက္ခဏာ အတွေးများ သင့် မှာ အမြဲတမ်း ရှိပါစေ

သင့်ဘ၀ရဲ့ နေ့စဉ်တိုင်းမှာ မနက်ဖြန်ရဲ့ မျှော်လင့် ချက်သစ်တွေ ဆောင်ကြဉ်းလာပါစေ။ ဘာကြောင့်လဲဆိုတော့ မျှော်လင့်ချက်က ကျွန်တော်တို့အားလုံး ကြိုးစားနေဖို့ အတွက်အ ကြောင်းပြချက် ပေးနေလို့ လေ။

နေ့သစ်တိုင်းဟာ ရင်ခုန်ရတဲ့ ၀မ်းမြောက်ကြည်နူးရတဲ့ မျှော်လင့်ခြင်းရဲ့ အံ့သြဖွယ်ရာ အနှစ်သာရ ကို ဆောင်ကြဉ်းလာပါစေ။ အကောင်းဆုံး ကိုမျှော်လင့်ရင် အကောင်းဆုံး ကို ရလိမ့် မယ်။

ရိုးစင်းတဲ့အရာလေးတွေထဲမှာ ငြိမ်းချမ်းခြင်း ကို ရှာဖွေတွေ့ရှိပါစေ။ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့အရာလေးတွေသာ အမြဲရှိနေကြမှာ မို့လို့ ပါ။

ကောင်းတဲ့အချိန်လေးတွေ ကိုအမြဲ သတိရနေပြီးတော့ ၀မ်းနည်းပူဆွေးရ တာတွေ ၊ ထိခိုက် နာကျင်

ရတာတွေ ကို မေ့ပျောက်နိုင်ပါစေ။

ဘာကြောင့် လဲဆိုတော့ အချိန်တွေက သင့်ဘ၀ဟာ ဘယ်လောက် ထူးခြားကောင်းမွန်ခဲ့တယ် ဆိုတာတွေကို သတိပေးနေလိမ့်မယ်လေ။

လုံခြုံမှုရှိတယ်၊ မေတ္တာတွေ အမြဲတမ်း ရခဲ့တယ်လို့စိတ်ခံစားမှု ရှိပါစေ။ ပြီးတော့ သင်ဟာ (ကံ) အကောင်းဆုံးလူ ဖြစ်တယ်ဆိုတာ သိနေပါ။

လူ့ဘ၀မှာ အကောင်းဆုံးဆိုတဲ့ အရာအားလုံး ကိုသင်ကြုံတွေ့ နိုင်ပါစေ။ အိပ်မက်တွေ အားလုံး အကောင်အထည် ဖော်နိုင်ဖို့ ခံစားရ တဲ့ ပျော်ရွှင်မှု ၊ လူဖြစ်ရကျိုးနပ် ပေတဲ့ ဆိုတဲ့ ခံစားမှုမျိုးကြောင့် ရတဲ့ ကြည်နူးမှု ၊ ပြီးတော့ အောင်မြင်ခဲ့ပါ လား ဆိုတဲ့ အသိကြောင့် ခံစားရတဲ့ ကျေနပ်အားရမှုတွေလေ။

တစ်ပါးသူများရဲ့ နွေးထွေးမှုတွေ ကိုလည်း ရှာတွေ့နိုင်ပါစေ။ မေတ္တာ ၊ ဂရုဏာ ၊ ပြသမှု တွေ နဲ့ သင့်ကို အားတတ်စေတဲ့ အားပေးပြုံးလေးတွေ ၊ ပြီးတော့ ရိုးသားပြီး သစ္စာရှိတဲ့ မိတ်ဆွေ များ ကိုပေါ့..။

သည်းခံခြင်း ရဲ့ အရေးပါမှု ကို နားလည်ပြီး လူတွေ အားလုံးကိုလည်း အရှိအတိုင်း လက်ခံ နိုင်ပါစေ။ နားလည်ခြင်းနဲ့ နှလုံးသား မှာ ကောင်း ကွက်လေးတွေ တွေ့ရှိနိုင်တယ်လေ..။

တစ်ပါးသူများ အပေါ် ယုံကြည်မှုရှိ ပြီး သိမ်မွေ့ နိုင်စွမ်း လည်းရှိပါစေ။ သင့်နှလုံးသား ကို ဟင်းလင်း

ဖွင့်ပြီး ချစ်ခင်ခြင်းနဲ့ ကျွမ်းဝင်ခြင်း တို့ ရဲ့ အံ့ မခန်း ဖွယ်ရာ များကို အမှန် တကယ် ဝေမျှပေးပါ..။

အားလုံးရဲ့ အဓိက အချက် ကတော့….

‘ အပေါင်းလက္ခဏာ အတွေးများ သင့် မှာ အမြဲတမ်း ရှိပါစေ ‘

2 comments:

Nay Nay Naing said...

Thanks alot of this post..

Chaos said...

Yeah i also accept that
positive thinking is our hope
that helps us to heal our wounds
i like ur post