Sunday, May 13, 2007

Ubuntu-1

ကျွန် တော် ဟို တစ် ခါ တုန်း က Ubuntu တစ် ခုကို ဆွဲ ချ ပြီး မှ သိ လိုက် တာ တစ် ခု ရှိ ပါ တယ်..။ ဆွဲ ချ လို့ ကျ လာ တာ က iso image file ပါ…။ အဲ ဒါ ကို ကျွန် တော် DVD RW ပေါ် မှာ ကူး ပြီး တော့ တင် ကြည့် ခဲ့ ပါ တယ်…။ နောက် တော့ မှ ကျွန် တော် ဆွဲ ချ ခဲ့ တာ က 64 bit အ တွက် ဖြစ် နေ မှန်း သိ လိုက် တာ ပါ..။ ကျွန် တော် လည်း တင် ကြည့် ကာ မှ သိ လိုက် တာ လေ..။torrent ကို စ တွေ့ တုန်း က သေ သေ ချာ ချာ မ ဖတ် လိုက် တာ ကြောင့် လည်း ပါ ပါ တယ်..။

အဲ ဒါ နဲ့ မ နေ့ည က မှ ကျွန် တော် ubuntu နဲ့ ပတ် သတ် တာ တွေ လိုက် ရှာ ရင်း နဲ့ မှ ubuntu 32bit တစ် ခု ကို သွား တွေ့ ပါ တယ်..။ အဲ့ ဒါ ကို ဖတ် ရင်း နဲ့ က နေ ထပ် လိုက် ရှာ လိုက် တာ နောက် ဆုံး တော့ ubuntu desktop ဆို တာ ကို ထပ် သွား တွေ့ ပါ တယ်..။ တော် တော် လေး ကို သုံး ရ တာ အ ဆင် ပြေ တယ် လို့ ဆို တာ နဲ့ torrentspy မှာ သွား ရှာ လိုက် တာ အခြေ အနေ တော် တော် လေး ကို ကောင်း နေ တာ နဲ့ ဆွဲ ချ လိုက် တယ်လေ..။

ကျွန်တော့် ဆီ က connection အိပဲ့ အိ ပဲ့ လေး နဲ့မနက် က တည်း က ဆွဲ ချ ထား လိုက် တာ..၊ ညနေ ၇ နာရီ လောက် မှာ အ ကုန် ရ သွား ပါ တယ်..။Linux system တွေ ကို window ပေါ်မှာ..တခြား applications တွေ လို သုံး ကြည့် ကြ ရ အောင် ပါ။

ကျွန် တော့် လို linux ကို ဘာ မှ မ သိသေး တဲ့ သူ များ အ တွက် ဒီ နည်း လေး က တော် တော် လေး ကို အ ဆင် ပြေ မယ် လို့ ကျွန် တော် ယုံကြည် ပါ တယ်..။ linux ကို ဘယ် လို install လုပ် ဖို့ ဆို တာ ထက် window ထဲ မှာ တင် တခြား applications တွေ လို သုံး သလို မျိုး လွယ် လွယ် ကူ ကူ စမ်း သုံး ကြည့် လို့ ရ ပါ တယ်..။

ပထမ ဆုံး လို တာ က တော့ VMWare Player ပါ..။ သူ့ကို တခြား window program တွေ လို install လုပ် နိုင် ပါ တယ်..။ VMWare player homepage မှာ အရင် ဆုံး သွား ပြီး download လုပ် လိုက် ပါ.။ အဲ့ ဒီ မှာ လို တာ လေး တွေ ဖြည့် ပြီး ရင် အ ဆင် ပြေ ပါ ပြီ..။စက် ပေါ် မှာ install လုပ် လိုက် ပါ..။

ဒုတိယ အ နေနဲ့ လုပ် ဆောင် ရ မှာ က တော့ linux OS တစ် ခု ကို download လုပ် ဖို့ ပါ ပဲ..။ အ မျိုးမျိုး သော linux တွေ ရှိ နေ ပါ တယ်..။ အခု ကျွန်တော် စမ်း သုံး ကြည့် မှာ က တော့ Ubuntu ကို ပါ.။ တခြား linux live CD ရှိ ပြီး သား သူ များ အ နေ နဲ့ လည်း ကိုယ့် မှာ ရှိ နေ တဲ့ CD လေး ကို iso buster…၊ ဒါ မှ မ ဟုတ် magic iso စတာ လေး တွေ နဲ့ iso image ပြောင်း ပြီးလုပ် ကြည့် လို့ ရ ပါ တယ်..။ linux iso တစ် ခု ကို လုပ် ပြီး လို့ ပဲ ဖြစ် ဖြစ်..၊ download ချ ပြီး လို့ ပဲ ဖြစ် ဖြစ် စက် ထဲ မှာ iso တစ် ခု ရ လာ ရင် အ ဆင် ပြေ ပါ တယ်..။

Fedoracore-5 iso တွေ ကို လို ချင် ရင် http://ftp.riken.jp/Linux/fedora/core/5/i386/iso/ မှာ သွား ယူ လို့ ရ ပါ တယ်..။

Ubuntu အ တွက် က တော့ http://www.ubuntu.com/getubuntu/download မှာ သွား ကြည့် နိုင် ပါ တယ်..။

Suse အတွက် က တော့ http://download.opensuse.org/ မှာ ရှိ ပါ တယ်..။

Puppy linux ဆို တာ လေး ကို လည်း စိတ်ဝင် စား တယ် ဆိုရင် လည်း လေ့ လာ လို့ ရ ပါတယ်..။ အ ဆင်ပြေ မယ် လို့ ထင် ပါ တယ်။

http://www.puppylinux.org/user/viewpage.php?page_id=1

ပေါ့ ပေါ့ ပါးပါး လေး ကို ဆွဲ ချ ချင် တယ် ဆို ရင် တော့ Daman small Linux ဆို တာ လေး လည်းရှိ ပါ တယ်..။ http://www.damnsmalllinux.org/download.html

တတိယ အ ဆင့် နေ နဲ့ VMWare ကို linux အ သုံး ပြု လို့ ရ အောင် လုပ် မှာ ပါ..။အဲ့ဒီ အ တွက် လို အပ် တာလေး တချို့ ကို တော့ ဒီ က နေ ပဲ ဆွဲ ချ ပေး ပါ ..။

အဲ့ဒါ လေး ကို ဆွဲ ချ ပြီး ရင် တော့ Desktop ပေါ် မှာ ပဲ ခဏ ချ ထား လိုက် ပါ..။

Zip ကို extract လုပ် ပြီး ပြီ ဆို ရင် တော့ ရ လာတဲ့ OS folder ကို Drive C ထဲ ကို ထည့်လိုက် ပါ..။

ပြီးရင် ဆွဲ ချ လို့ ရ ထား တဲ့ iso ပဲ ဖြစ်ဖြစ်..၊ iso buster တို့၊ magic iso တို့ နဲ့ လုပ် လို့ ရ လာ တဲ့iso ကို ပဲ ဖြစ် ဖြစ်.. အဲ့ ဒီ OS folder ထဲ မှာ သွား ထည့် ပေး ပါ ဦး..။ပုံ မှာ ပြ ထား တဲ့ အ တိုင်း ရ လာ မှာ ပါ.။

OS.VMX, OS.vmdk နဲ့ ubuntu-6.10-desktop-i386.iso ( ဒါ က ကျွန် တော် စမ်းသုံး မယ့် Ubuntu iso ပါ..။ ) ဆို ပြီး ရ လာ ပါ လိမ့် မယ်..။ ဒါ ဆို ရင် တော့ linux တစ် ခု ကို စ တင် သုံး ကြည့် ဖို့ တော် တော် လေး ကို အဆင်သင့် ဖြစ် နေ ပြီ လို့ ပြော လို့ ရ ပါ ပြီ..။

စတုတ္ထ အ ဆင့် နေ နဲ့ VMWare configuration file လေး ကို နည်း နည်း လောက် ပြင် ပေးရ အောင် ပါ.။ အဲ့ဒီ file လေး က တော့ OS.VMX လေး ပါ..။ အဲ့ ဒီ့ file လေး ပေါ် မှာ right click …, “open with….” မှာ notepad ကို ရွေး ပါ..။

ide1:0.fileName = "c:\image.iso" ဆို တာ လေး ကို တွေ့ ရင်..၊ “C:\ OS\ ကိုယ် အ သုံး ပြု မယ့် iso file” ( ကျွန် တော့် အတွက် ကတော့ …. “ C:\OS\ubuntu-6.10-desktop-i386.iso” ပါ )။

အဲဒါ ပြီး ရင် အဲ့ ဒီ file လေး ကို ပြန် save လုပ် ပါ..။ အဲ့ ဒါ ဆို ရင် ရ ပါ ပြီ။

ပြီး ရင် အဲ့ ဒီ့ OS.VMX file လေး ကို click လုပ် ပြီးတာ နဲ့ VMWare player က အ လိုလို တတ် လာ ပြီး ကိုယ့် ရဲ့ linux စတင် အ လုပ် လုပ် ပြီ ဖြစ် ပါ တယ်..။


အောက် မှာ ပါ တာ လေး တွေ က တော့ ကျွန် တော် မြင် ရ တဲ့ screenshot လေး တ ချို့ ဖြစ် ပါတယ်..။




ကျွန် တော့် ဘလော့ခ် လေး ကို ဖွင့် ကြည့် လိုက်တော့…၊ ubuntu မှာ font မှ မရှိ သေးတာ ကိုးဗျ..။ ဘာ စာ မှ ကို ဖတ် လို့ မရ ဘူးလေ..။

ကျွန် တော် ubuntu ကို ကောင်း ကောင်း သုံး တတ် အောင် လုပ် ကြည့် လိုက် ပါ ဦး မယ်..။


No comments: