Monday, May 28, 2007

ကိုယ်ပိုင် flash game လေးတစ်ခုလုပ်ရအောင်။



ဒါလေးကိုဘယ်လိုလုပ်လည်းဆိုတာကို ဆက်လက်ကြည့်ပေးပါ..။
အရင်ဆုံး document ကို ၄၀၀*၄၀၀ ဆိုပြီးယူလိုက်ပါ။ ပြီးရင် Action မှာ
stop();
ဆိုတာကို ထည့်ပါ။

ပြီးရင်တော့ Text tool ကို ရွေးပြီး မိမိ၏ဂိမ်းလေးမှာ သတ်မှတ်လိုသောစည်းကမ်းလေးအချို့ ကိုရေးပေါ့ဗျာ။
ကျွန်တော်ကတော့ ပုံ မှာပါတဲ့ အတိုင်းရေးလိုက်တယ်ဆိုပါတော့။
အဲဒါပြီးရင်တော့Windows>CommonLibraries>Buttonsမှ မိမိနှစ်သက်ရာbuttonလေးတစ်ခုကိုသွားယူလိုက်ပါ..။

ပြီးရင်တော့Timelineထဲမှာ insert blank keyframe တစ်ခုထပ်လုပ်ပါ။

Paint tool ကိုရွေးပြီး တော့ မိမိစိတ် မှာရှိ နေ တဲ့ပုံစံCurveလေးတစ်ခုကိုBurshSizeကြီးကြီးလေးနဲ့ဆွဲလိုက်ပေါ့။
အဲဒီမှာသတိထားရမှာလေးတစ်ခု ပြောရဦးမယ်..။ Curve ရဲ့ initial pointက ပထမဖရိမ် မှာယူထားတဲ့button နဲ့တထပ်တည်းဖြစ်နေ ဖို့ကိုပါ..။အဲဒါလေးကို တော့ သတိထားပေးပါ။

ပြီးရင်တော့ အဲ့ဒီ့ curveလေးကို select လုပ်ပြိးတော့Convert to symbol>button သို့ပြောင်းပါ။
နောက်တကြိမ် paint tool ကိုယူပေးပါဥိး.......၊ curve ရဲ့ final point(နောက်ဆုံးအမှတ်) မှာ အရောင်တမျိုးနဲ့ အမှတ်လေးတစ်ခုကို ဆွဲပေးဖို့ပါ..။
ပြိးရင် အဲ့ ဒီ့အမှတ်လေးကို လည်း button ကိုပြောင်းပေးပါဦး။

နောက်ထပ် blank keyframe လေးတစ်ခုကိုထပ်ထည့်ပေးပါဦးဗျာ..။
အဲ့ဒီ frame လေးမှာ Button library ကနေ back button လေးတစ်ခုခု ကို ယူပေးပါ။ ကိုယ် ကြိုက်နှစ်သက်ရာတစ်ခုခုပေါ့။ဒီ မှာလည်း သတိထားရမှာ ကလည်း initital point နဲ့ တထပ်တည်းဖြစ်နေဖို့ ကို ဆိုတာကိုပါပဲ။
ပြီးရင်တော့ text tool နဲ့ ဘေးမှာရှိနေတဲ့ ဘောင်လေးကိုထိ လို့ပြန်ကြိုးစား ဖို့ ပြောတဲ့ အကြောင်းကိုအဆင်ပြေသလိုရေးပေါ့လေ..။ကျွန်တော်ကတော့ ပုံမှာပါသလိုပဲရေးလိုက်ပါတယ်.။
အဲ့ဒီ တတိယ ဖရိမ်ကို copy လုပ်ပြီးနောက်ထပ် frame မှာ paste လုပ်ပါ။
ဒီစတုတ္ထဖရိမ်ကတော့ ဒီဂိမ်းလေးကိုဘေးမှာရှိနေတဲ့ ဘောင်ကို မထိပဲ နောက်ဆုံးမှတ်ကိုရောက်လာလို့ ပြီးပြီဆိုတာကို ပြောဖို့ပါ..။ တတိယ ဖရိမ် ကစာသားလေးတွေ မှာ ၀င်ပြင်လို့ရပါတယ်..။

ဒါဆိုရင်တော့ တော်တော်လေးကိုပြီးသလောက်ရှိနေပါပြီ..။
ကျန်တာကတော့...action scriptလေးတွေထည့်ဖို့ပါဘဲ..
ပထမဆုံးဖရိမ်ကိုပြန်သွားပြီး button ကို select ပေးပြီး action box မှာ အောက် ကပေးထားတာလေးတွေ ကိုထည့်ပါ..။
on (release)
{
gotoAndStop(2);
}

ပြီးရင်တော့ဒုတိယဖရိမ်မှာရှိနေတဲ့ curve လေးကို select ပေးပြီ action မှာ အောက်ကပေးထားတာလေးတွေ ကို ထည့်ပေးပါဦး။
on (rollOut)
{
gotoAndStop(3);
}

ပြီးရင် အရောင်တမျိုးနဲ့ ဆွဲထားတဲ့ အစက်လေးကို select ပေးပြီးတော့ action scritp လေးတွေ ထည့်ပါဥိးဗျ..
on (rollOver)
{
gotoAndStop(4);
}

တတိယဖရိမ်မှာရှိနေတဲ့ button ကို select ပေးပြီးတော့ ထည့် ရ မယ့် actionscript လေးတွေကိုတော့အောက်မှာပေးထားပါတယ်..။
on (press)
{
gotoAndStop(2);
}

စတုတ္ထဖရိမ် မှာရှိနေတဲ့ button ကို select ပေးပြီးတော့ ထပ်ပြိးတော့ ထည့်ပေးပါဦး။
on (press)
{
gotoAndStop(1);
}

အဲ ဒါတွေ အကုန်လုံးပြီးရင်တော့ TestMovie (Control>TestMovie ) လုပ်ပေးပြိး တော့ ကြည့်ကြည့် ပါ..။

1 comment:

Yan said...

တော်လိုက်တာဗျာ.
တကယ်ကိုပညာတွေပေးနေတာပဲ.