Tuesday, May 8, 2007

စာသင် သားဘ၀၊ တို လီ မှတ်စ များ-၁

ဒီနေ့ ဖြစ်ပုံများ က တော့ တော် တော် လေးကိုဆိုးလှပါတယ်..။ ဒီနေ့ ကျောင်းသွားရတာ က လည်း ပုံ မှန်ရက် သာမန်အချိန် ထက် ၂-နာရီလောက် စောတယ်လေ..။ မနေ့ ကတည်းက ပြီးသွားရ မယ့် viva test က ဒီနေ့ အထိ ပါ စခန်းသွားလိုက် ရတာမို့ လို့ ပါ..။ သွားရတဲ့ စာသင်ချိန် က လက်တွေ့ ချိန် လေ...။ လက်တွေ့ချိန် ဆို လို့ သင်တဲ့သူ က ဆရာမကြီးပါ....။ ကျွန်တော် တို့လည်း စတတ်ခါ စက လက်တွေ့ချိန် ဆိုရင်တော့ ဆရာကြီး တစ်ယောက် ပဲဖြစ်မှာ ပဲ ဆိုပြီး ထင်ခဲ့ တာပါ.....။

အဲ့ဒီ ဆရာမကြီး က တော်တော်လေး ကို သဘောကောင်းပါ တယ်..။ ကျွန်တော် တို့ နားမလည် မှာစိုးလို့ ဖြည်းဖြည်းချင်း လည်းရှင်းပြတတ်ပါတယ်...။ သူ ကျွမ်းကျင်တဲ့ လက်တွေ့သင်ခန်းစာ ဖက်မှာ လည်း တော် တော်လေးကိုနိုင်နင်းပါတယ်...။မျက်စိတော့သိပ်မကောင်းရှာတော့ဘူးလေ....။ကျွန်တော်ထင်တာကတော့စာသင်တာကို သူမ တော် တော် ခုံမင် တယ်လို့ ပါ....။
ဒီနေ့ သူမနဲ့ viva test ၀င်ပြီးတော့ နောက် တချိန်က လည်းနီး နေပြီလေ.....။ ဗိုက်ထဲ မှာလည်း မနက် က ထွက် ခါနီး ကမန်းကတန်း သောက်လာတဲ့ နွားနို့ လေး တစ်ခွက်ပဲ ရှိတယ်လေ...။ နောက်တစ်ချိန် က လည်း လက်တွေ့ ချိန်ပါ ဘဲ...။ Orcad pracitcal ပါ....။ ကျွန်တော့် စက်မှာ လည်း Orcadကော၊ Microcap-7 ကော....၊ ပြီးတော့Matlab ကော ပါ တင် ထားရပါ တယ်....။ ကျွန်တော် တို့ အခု လောလောဆယ် သင်နေ ရတာ က...Orcad နဲ့ Matlab ပါ.....။ Matlab ကို ကျွန်တော် apply ဖြစ် အောင် မသုံး တတ် တာပါ ဘုး ..၊ဘာလို့ လည်းဆို တော့....ကျွန် တော့်ဆရာ ကြီး က ကျွန်တော့် ကို စတွေ့ က တည်း က Orcad ကို လေ့လာ ထားဖို့ ပြောထား ခဲ့ လို့ ပါ ဘဲ ...။ OrCad လို့ ရေး ပါ တယ်..။ သူ့ကို printed circiut boardတွေ အတွက် schematic(ပုံ ကြမ်း)၊ diagram( ပြင်ညီဇယား) တွေ တည် ဆောက် ဖို့ ရယ်......နဲ့ အဲ့ဒါတွေ ကို အခြေခံ ပြီး. နမူနာစမ်းသပ်ချက် တွေ ထုတ်ဖို့ အသုံးဝင် ပါတယ်...။

ကျွန် တော် သိသလောက် ပြော ကြည့် တာ ပါ.။ ဒီ ထက် မက အသုံးဝင်တာတွေ လည်း ရှိပါ သေး တယ်..။
ဒီနေ့ ဖြစ် တာ က ကျွန် တော် တို့ ကို ဆွဲ ခိုင်း တဲ့ model တစ်ခု က ကျွန် တော့် ဆီ မှာ လုံးဝ ကို simulation လုပ် လို့ မရ တာ ပါ ဘဲ......။ အဲ ဒါ လက်တွေ့ ချိန် တစ် ချိန်လုံး ဘာ လို့ လည်း ဆို တာ လိုက် ရှာ ရင်း နဲ့ ပဲ.. အချိန် ကုန်သွား ပါ တော့ တယ်....။ ခေါင်း ကို တော် တော် လေး စား သွား ပါ တယ်..။ နောက် ဆုံး ကျ မှ ဘယ် လို ဖြစ် သွား လဲ မ သိ ပါ ဘူး....၊ Orcad error ပေါ် ပြီး ပြန် ဖွင့် လိုက် တော့ မှ ဘဲ.. ရတော့ တယ် လေ.....။ ဘာ လို့ မှန်း ကို မ သိ တော့ ပါ ဘူး ဗျာ....၊ ခေါင်း တော် တော် စား သွား ခဲ့ တယ် လို့ ဘဲ ပြောရ မှာ ပါ ...၊ ကျွန် တော် မလုပ် တတ် တာ လည်း ဖြစ် မှာ ပါ....။ အဲ့ ဒါ နဲ့ ကိုယ့် ကိုယ် ကို သတိ ပေးရ ပါ တယ်..။ OrCad ကို တော် တော် နှံ့စပ် အောင် လုပ် ဖို့ လို သေး တယ် ..၊လုပ် နိုင် သလောက် လုပ် ကြည့် နေဖို့ လည်း လို တယ် လို့ ပေါ့..။

အဲဒါ ပြီး တော့...နောက် တစ် ချိန်..။ သူ က ကျ တော့ လုံး ၀ ကို နား ချိန် မပေး ပါ....။ တောက် လျောက် သင် တဲ့ ဆရာ မပါ..။ ဆရာမ က တခြား သူ တွေ နဲ့ စာ ရင် ငယ် တယ် လို့ ပြော လို့ ရ ပါ တယ်..။ ဗိုက် က လည်း တ ဂွီဂွီ နဲ့ အော် နေ လိုက် တာ သူ ကြား သွားမှာ ကို တောင် စိုး ရ တယ်ဗျာ..။ ဗိုက်က ဆာ နေ တော့ ဘာ မှ ကို ကောင်း ကောင်း စိတ် မ ၀င် စား နိုင် တော့ ဘူး လေ..။ သူ မေး လိုက်တဲ့..မေးခွန်း တွေ ကို တော် တော် လေး ကို ဖြေ ယူ ရ တယ် လေ...။ သင် နေ ရင်း နဲ့ မှ ရီ စ ရာ လေး တစ် ခု ကို ပြော ချင် ပါ သေး တယ်....၊ " သတင်း ထောက် တစ် ယောက် ဟာ.. အသက် တစ်ရာ (၁၀၀) ရှိ နေ ပြီ ဖြစ် တဲ့ အ ဖိုး အို ကြီး တစ် ယောက် ရဲ့ အိမ် ကို ရောက် လာ ပါ တယ်..။ သူ က အဲ့ ဒီ့ အဖိုးအို ကို ဗျူး မယ် ဆို ပြီး ရောက် လာ တာ ပါ....။သူ က မေး တာ ပေါ့....၊ " ဘာ တွေ များ လုပ် လို့... ဒီ လို ကျန်း ကျန်း မာ မာ နေ နိုင် တာ လဲ ....၊ အ ဖိုး ခင် ဗျာ....? " အဖိုး အို ကြီး က ဘာ ပြန် ပြော လည်း ဆို တော့...." အေး.....၊ အဖိုး က တော့ မနက် ဆို ၅-နာရီ လောက် ထ ပြီး အလုပ် တွေ လုပ် တယ်.....၊ ဆေး လိပ် မသောက်.....၊ အရက်မသောက်..၊ တာ တွေ ကြောင့် ပေါ့ ကွာ ........" ။ အဲ ဒီ့ အ ချိန် မှာ သူ တို့ ထိုင် နေ တဲ့ အိမ် ရှေ့ မှာ ဆူဆူ ညံညံ အ သံ တွေ ကြား ရ တယ် တဲ့...။ သတင်း ထောက် က လည်း ပြတင်း ပေါက် က နေ ကြည့် လိုက် တော့ အဖိုး အိုး တစ် ယောက် ဟာ.... အရက် မူး ပြီး လူ ငယ် တွေ ကို စိမ် ခေါ် နေ တာ ကို တွေ့ ရ သတဲ့.....။ သတင်း ထောက် က ထပ် ပြီး မေး ပါ တယ်......၊ " အဲ့ ဒါ ဘယ် သူ လည်း အ ဖိုး ရေ...၊ သူ ကို ဘယ် သူ မှ မ နိုင် ကြ ပါ လား...... " ။ အဖိုး အို က ပြန် ပြော တယ် တဲ့........၊ " အဲ့ ဒီ လူ က တော် တော် လေး ကိုဆိုး တာ ကွ..၊ အရက် သောက် တယ်.......၊ ဆေး လိပ် ဆို လည်း လက် က ကို မချ ဘူး.......၊ မနက် ဆို လည်း အလုပ် လုပ် ဖို့ ဝေ လာ ဝေး......၊ တော် တော် လေး ကို နိုး ယူ ရ တဲ့ လူ ကွ.. "။ " ဘာ လို့ အဖိုး က သည်း ခံ နေ တာ ရ တာ ပါ လဲ...?? " လို့ သတင်းထောက် က မေး တော့....." ဟ.......၊ အဲ့ ဒါ ငါ့ အစ် ကို အ ရင်း ကို ကွ.." တဲ့ လေ......။

စိတ် မ ပါ တဲ့ ကြား ထဲ က နေ ဖတ် လိုက် ရ တဲ့ စာ ပိုဒ် က လေး( ဟာ သ လေး) တစ် ခု ပါ..။ရီ လိုက် တော့ မှ ...၊ပေါ့ ပေါ့ ပါး ပါး ဖြစ် သွား တယ် လေ.....။ အဲ့ ဒီ ဟာသ လေး ကို လည်း မှတ်မိ သွား တာ ကြောင့် အ ခု လို ရေး လိုက် ရ တာ ပါ...။ တနည်း ပြော ရ ရင် တော့......စာသင် သားဘ၀၊ တို လီ မှတ်စ များ လို့ ခေါင်း စဉ် တပ် ချင် ပါ တယ်......။



No comments: