Tuesday, May 8, 2007

ကလိချင်တာများ

မ နေ့ က တည်း က အခန်း မှာ breaker ပြုတ် ပြီး မီး ပျက် သွား လိုက်သေး တယ် လေ။ ကျွန် တော် ရေး လက် စ အက် ဆေး လေး ( မိုးကုတ် အကြောင်း) ပါ…..မသိမ်းလိုက် ရ ဘူးလေ….။နှမြောလိုက် တာဗျာ..။ မိုးကုတ် အကြောင်း ကို ကျွန် တော် လိုက်ရှာ ထား တာ လေး တွေ ကို firefox မှာ scrapbook နဲ့ capture လုပ်ထားလို့ အဲဒါ လေးတွေ တော့ မပါ သွား ပါ ဘူး….။

ပြီး တော့ ကျွန် တော် အရမ်း လို ချင် နေ တဲ့ Ubuntu Linux (ubuntu-7.04-alternate-amd64) လေး ကို Bitlord နဲ့ ဆွဲချ နေ တုန်း တန်းလန်း လေး လည်း မပြီးလိုက် ဘူး လေ……။ တော်တော် လေး ကို အချိန် ပေး ပြီး ချ လိုက် တာ ၈၀% ရောက် နေ ပြီ လေ..။ အဲဒီ အချိန် မှာ မီးပျက် သွား တော့ဒီနေ့ မှ…ကျောင်း က ပြန် လာ ပြီးတာနဲ့ Bitlord နဲ့ပြန် ဆွဲ ချ ထားလိုက်တာ..၊အခု ဒီ ပို့စ် ကို ရိုက် နေ တဲ့ အချိန် မှာတော့ ကျွန် တော့် ဆီ မှာ အဲ့ဒီ့ ubuntu iso လေး ရ နေ ပါ ပြီ…။ ကျွန်တော် အဲ့ ဒီ့ ubuntu အကြောင်း ကို ကြားဖူး တာ မကြာသေး ပါ ဘူး……..။ ပြီး ခဲ့ တဲ့ ၁-လ လောက် ကမှ ပါ….။

ဘယ် လို သွားတွေ့ လည်းဆို တော့ ဒီမှာ ပါ…။အဲ့ဒီ အချိန် တုန်းက ကျွန် တော် က လိုက် ရှာ နေ တာ Triple boot [How to triple boot (XP,Vista,Crystal) ] ကို ပါ..။ ကျွန် တော် မှာ အ ခု လက်ရှိ ရှိ နေ တာ က XP နဲ့ Vista ပါ…….။ သူငယ်ချင်း တစ် ယောက် ကျွန် တော့် ဆီ လာ တော့ ကျွန်တော် ဗစ် စတာ တင် ထား တာ ကို တွေ့ သွားပြီး ပြော ပါ တယ်……။ ဗစ် စတာ က လှ တော့ လှ ပါ တယ်…….၊ ဒါ ပေမယ့် ဗစ်စတာ သွင်းမယ် ဆိုရင် စက် ကို လိုက် ဖြည့်ရ မှာ တွေ ရှိ ဦး မှာ လေ တဲ့……။ ကျွန်တော် က တော့ အခု လော လော ဆယ် တင် ထား တာ က တော့ အဆင် ပြေ နေ ပါ တယ်…၊ driver အတွက်လည်း update လုပ်ရင်း နဲ့ အဆင် ပြေ သွားပါ တယ် လို့ ပြန် ပြော လိုက် ပါ သေးတယ်……။

သူ က ဆက်ပြော တာက ……..”ဟေ့ ကောင်..၊ အခု Crystal XP ဆို တာ ငါတို့ ကျောင်း မှာ ရှိတယ် ..၊အဲဒါ တင် ပြီး သွား ရင် မင်း ဗစ် စတာ ကြီး ကို လွှင့် ပစ် ချင်သွား မယ်.. “ တဲ့ လေ။ သူမပြော ခင် က ကျွန်တော် တချို့ ဖော်ရမ် တွေ မှာ screenshot လေး တွေ ကို တော့ မြင်ဖူး တော့ မြင်ဖူး နေ တယ် လေ..။ အဲဒါ နဲ့ ကျွန် တော် သူ့ ကို မှာ ထား ရ တာ ပေါ့ လေ…..၊ လူကြုံ လေး ရှိ ရင် အဲ့ ဒီ့ ခရစ်စတယ်လ် အိပ်ပီ စီဒီ လေး ထည့် ပေး လိုက် ပါ လို့ လေ…။ အခု ထိတော့ သူတို့ ဆီ က လူကြုံ မရှိသေး လို့နဲ့ တူပါ တယ်..၊ အခုအချိန် အထိ ..ကျွန်တော့်ဆီကို ခရစ်စတယ်လ်အိပ်ပီ လေး မ ရောက် သေးပါ။ ကိုယ်တိုင် ကျောင်း ပိတ် တဲ့ တစ်ရက်သွားယူ ပြီး စမ်းသုံး ကြည့် လိုက်ဦး မယ် ဗျာ………….။

Ubuntu ဆို တာကို ကျွန်တော် စ တွေ့ တော့ ဘာ မှန်း ကို မသိ သေးပါ ဘူး……..၊ နောက်မှ ဖတ် ကြည့် တော့ မှ သူ က လည်း Linux အခြေခံ open source တစ် ခု လို့ နားလည် လိုက် ပါ တယ်…….။အတိအကျ ကြီး တော့ ကျွန်တော် မသိပါ ဘူး……..။ ပြီး တော့ ကျွန်တော် မနေနေနိုင် ရေး တဲ့ ပို့စ် တစ် ခု ကို ဖတ် မိတာ လည်း ပါ ပါ တယ်……။ Dell ကထုတ် တဲ့ product တွေမှာ…..Ubuntu ကို စပြီး သုံးတော့ မယ် ဆို တာ ကို ပါ….။နောက် ပြီး တော့ တခြား တစ်နေရာ မှာ လည်း ubuntu အကြောင်း ကို သွားတွေ့ သေးတယ်လေ..။ တော် တော် လေးကိုညွှန်း ထား တာ ကို တွေ့ လိုက် သေး တယ်..။အကြောင်း က လည်း သင့်ချင် တော့ torrent တစ်ခု ကို ပါ သွားတွေ့ တယ်လေ..။ 697MB ဆို တော့ ဖြည်းဖြည်းချင်း ဆွဲချ မယ် ဆိုပြီး…..ဆွဲချထားလိုက်တာ…အခု တော့ iso image တော့ ကျွန်တော့် လက်ထဲမှာ ရှိနေပြီလေ…။

စမ်းကြည့်လိုက်မယ်…။ Ubuntu ဆိုတာ ဘယ်လို လုပ်ရ တယ်……၊ဘာတွေကောင်းတယ်ဆို တာကို ပေါ့..။ ဒါပေမယ့် Triple boot ဘယ် လိုလုပ် ရတာလည်းဆိုတာကို တော့လုပ်ကြည့်ရဦး မှာ ပေါ့လေ..။