Tuesday, May 15, 2007

Changing "Start menu"

ဒီည မှာ တစ် ခု လုပ် ကြည့် ပါ တယ်..။

မ သုံး တာ ကြာ ပြီ ဖြစ် တဲ့ ကျွန် တော့် ရဲ့ XP လေး ကို ၀င် ပြီး တော့ Start Menu မှာ ပြောင်းကြည့် တာ ပါ..။

Run က နေ C:/windows ဆိုပြီး ရိုက်ခေါ်ပါ..။

ဒီ မှာ ရှိ တဲ့ resource hacker ကို download ချ ပြီးရင် Reshacker ကို open လုပ် ပါ..။
file ---->open---->Local disc (C:) --->windows--->explorer ကို open ပါ..။

tree လေးတစ်ခု ကျ လာ ပါ လိမ့် မယ်..။

Bitmap ကို ဖြေ ချ လိုက် ရင် 143--->103 ကို click လုပ် ပါ..။
အဲ့ ဒီ မှာ တွေ့ ရ မှာ က လက် ရှိ start menu မှာ ပေါ် နေ တဲ့ bitmap လေး ပါ..။
Action----->Replace Bitmap .
Click " Open file with new bitmap" . ( bitmap က 25*20 pixels အ နေ နဲ့ အ ရင် လုပ် ထား ရ ပါ မယ်...၊ မိ မိ ကြိုက် နှစ် သက် ရာ ဓာတ်ပုံ ကို ပြု လုပ် နိုင် ပါ တယ်..)

String table ကို ဖြေ ချ ပါ..။ 37 folder မှ 1033 ကို click လုပ် ပါ..။ Start ဆို သော စာ သား နေရာ တွင် မိ မိ ကြိုက်နှစ် သက် ရာ ကို ရိုက် နိုင် ပါ တယ်..။ပြီးလျှင် " compile script" ကို ကလစ် လုပ် ပါ..။

"string table" မှ "34" folder----> "1033" ကို click ပါ..။
" Click here to begin " ဆို သော နေ ရာ မှာ မိ မိ ကြိုက် ရာ တစ် ခုကို ရိုက် လို က ရိုက် ပါ ဦး..။
ပြီးလျှင် " compile script" ကို ကလစ် လုပ် ပါ..။
ပြီး လျှင် file--> save as "newstartbutton.exe" ဆို ပြီး နာ မည် ပေး ပြီး "C:\windows "ထဲ မှာ ပဲ ပြန် save ပါ..။

restart ပေး ပါ..။ PC ကို "safe mode with commond prompt" ဖြင့် ၀င် ပါ..။
"Administrator" အ နေ နဲ့ login လုပ် ပါ..။
"command prompt" တတ် လာ လျှင် "cd c:\windows" လို့ ရိုက် ပါ..။
Enter ခေါက် ပါ..။
" copy c:\windows\newstartbutton.exe c:\windows\explorer.exe " လို့ ထပ် ရိုက် ပေး ပါ ဦး..။
"Enter" ခေါက် ပါ.။
"Yes" လို့ ရိုက် ပါ..။ Enter ခေါက် ပြီး overwrite လုပ် လိုက် ပါ ပြီ..။
Restart ပေး ပါ..။

ပြန် တတ် လာ ရင် Start menu မှာ .. ကိုယ် ရိုက် ထား တဲ့ စာ သား လေး တွေ ကို မြင်ရ ပါ ပြီ..။
စမ်း သပ် လို သူ များ အတွက် ပါ။ လွယ် ကူ ရှင်း လင်း မယ် လို့ ထင် ပါ တယ်..။

3 comments:

Anonymous said...

မရကြောင်းပါခင်ဗျာ့ window သာပြန်တင်လိုက်ရပါကြောင်း.. :D Welcome Screen ပြီးတော့ မတက်လာတော့ဘူး.. Admin ကနေလုပ်ထားတာ ဆိုတော့ Admin က၀င်လည်း အဲ့တိုင်းပဲဖြစ်နေတယ်.. restore ၀င်မရတော့ဘူး.. ကူညီပါအုံး ဒီမှာကျွန်တော့မေး.. khunmk@gmail.com အဲ့ဒါကို မရမကလုပ်မယ်... မကျေနပ်ဘူး..
ပြန်တက်မလားဆိုပြီး... တစ်ခြားကွန်ပျူတာက explorer.exe ကို strick ထဲပြန်ထည့် ပြန် overwrite လုပ်လိုက် ပါသေးတယ်.. command line ကနေပေါ့ မရတော့ဘူး.. မတက်တော့ဘူး..
နောက်ပြီး download လုပ်ထားတဲ့ Zip file ကို c:\windows ထဲမှာ မဖြစ်မနေ ဖြေချတာလား.. ဒါမှမဟုတ် တစ်ခြားမှာပဲ ဖြေချရလား..

နောက်ပြီး...
Save လုပ်တော့ newstartbutton.exe နောက် copy လုပ်တော့ newsbutton.exe
မှားနေသလား.. ဒါမှမဟုတ်အဲ့တိုင်းပဲလား..

AZURE said...

window ချ လိုက် ရ တယ် ကြား လို့ စိတ် မ ကောင်း ပါ ဘူး..။ အ ခု ပြန် လုပ် မယ် ဆို တော့ ညီ လေး ရဲ့ စိတ် ဓာတ် ကို လေး စား ပါ တယ်..။
ပြန် မ လုပ် ခင် အ ရင် ဆုံး backup လုပ် ထား ဖို့ ကို တော့ ပြော ချင် ပါ တယ်..။ ပို့စ် မှာ မ ပြော လိုက် မိ တဲ့ အစ် ကို့ အ ပြစ် လည်း ပါ ပါ တယ်..။
အစ် ကို ရိုက် တာ လေး မှား သွား တာ ကို အ လေး အ နက် တောင်း ပန် ပါ တယ် ညီ လေး ခွန်..။ ဖြစ် ရ မှာ က ... အကုန် လုံး လုပ် ပြီး သွား ရင်..command line မှာ ရိုက် ရ မှာ က


"copy c:\windows\newsbutton.exe c:\windows\explorer.exe" မ ဟုတ် ပါ ဘူး..။

"copy c:\windows\newstartbutton.exe c:\windows\explorer.exe" ဖြစ် ရ မှာ ပါ..။

အ ခု လို စာ လုံး လေး တွေ ကျန် တာ ကို ပြန် မ စစ် လိုက် မိ တာလေး ကြောင့် အ ခု လို ဖြစ် သွား ရ တာ ကို စိတ် မ ကောင်း ပါ ဘူး ..ညီ လေး ခွန် ..။ နောက် ကို ဒီ လို မဖြစ် ဖို့ သင် ခန်း စာ ယူ ရ မှာ ပေါ့..။
zip ကို ဘယ် မှာ ဖြစ် ဖြစ် ဖြေ လို့ ရ ပါ တယ်..။ "safe mode with commond prompt" မှာ အပေါ် က မှား ထား တာ လေး ကို ပြင် ပြီး လုပ် ပေး ရ မှာ ပါ..။

Anonymous said...

အဲ့ အကို ကျွန်တော် save တုန်းက newsbutton.exe ဆိုပြီး Save တာ copy တော့လည်း newsbuttons ဆိုပြီး ကူးလို့ဖြစ်သွား တာပါ :D