Friday, May 11, 2007

Greatest gift

သီ ချင်း လေး တစ် ပုဒ် နား ထောင် ပြီး တော့..တွေး စ ရာ လေး တွေ ပေါ် လာ ပြန် ရော လေ..။

ကျွန် တော် ဒီ သီ ချင်း လေး ကို ရ တာ ကြာ ပါ ပြီ..၊ တ နည်း ပြော ရ ရင် တော့ နား ထောင် ဖူး ခဲ့ တာ ကြာ ခဲ့ ပါ ပြီ..။

Limewire နဲ့ ဆွဲ ချ ခဲ့ တုန်း က ရ လာ တာ ပါ..။ အဲ့ ဒီ တုန်း က သီ ချင်း လေး တွေ တော် တော် နား ထောင် ဖြစ် ခဲ့ ပါ တယ်..။ ကောင်း တဲ့ သီ ချင်း တွေ ကော..၊ မ ကောင်း တဲ့ သီ ချင်း တွေ ကို ကော ကျ လာ တာ လေ..၊ ပြီး တော့ မှ ကျွန် တော့် ဘာ သာ.. ပြန် နား ထောင် ပြီး တော့ မှ..၊ ကိုယ့် နား မှာ နား ထောင် လို့ မ ကောင်း ရင် ပြန် delete လုပ် တာ ပေါ့ လေ..။

အ ခု သီ ချင်း လေး က သူ့ ချစ် သူ ကောင် မ လေး ကို အား ပေး တဲ့ သီ ချင်း လေး တစ် ပုဒ် လို့ ပြော လို့ ပါ တယ်..။ တိုင် တည် သ စ္စာ ပြု ပြီး တော့ ဆိုထား တဲ့ သီ ချင်း လေး လို့ လည်း ပြော လို့ ရ မယ် ထင် ပါ တယ်...။ love is the greatest gift of all . တဲ့ ၊ ဒီ သီ ချင်း လေး ထဲ မှာ ပါ တဲ့ စာ သား လေး ပါ..။

အ ချစ် ဆို တာ အ ရာ အား လုံး ထဲ မှာ တော့ အ ကြီး မြတ် ဆုံး သော လက် ဆောင် တစ် ခု ပါ ..။ လို ပြန် လို့ ရ မယ် ထင် ပါ တယ်..။ ကျွန် တော် တော့ အဲ့ ဒီ့  လက် ဆောင် လေး ကို လို ချင် လို့ တောင်း ဖူး ပါ တယ်..။ မ ရ ခဲ့ ပါ ဘူး ဗျာ..။ ကြောက် တောင် ကြောက် သွား ပါ တယ် ..။ သ တိ ရ သွား လို့ ရေး မိ တာ ပါ..။ သီ ချင်း လေး ထဲ မှာ မ ပါ တဲ့.... Lyric လေး တွေ လို့ မှတ် ပေး ပါ ..။

ဒီ သီ ချင်း လေး ကို Alexander Klaws ဆို ထား တာ ပါ..။ ၂၀၀၃ မှာ ထွက် ခဲ့ တဲ့ single လေး တစ် ပုဒ် ပါ..။ သူ့ သီ ချင်း တွေ ထဲ မှာကျွန် တော့် ဆီ မှာ ရှိ တာ က ဒီ သီ ချင်း လေး တစ် ပုဒ် ပဲ ရှိ တာ ပါ..။ လက် ဆောင် ရ ပြီး သား လူ တွေ က တော့ အဲ့ ဒီ အ ကြီး မြတ် ဆုံး သော လက် ဆောင် ပေး တဲ့ သူ ကို ဒီ သီ ချင်း လေး နဲ့ ကျေး ဇူး တင် လို့ ရ တာ ပေါ့ လေ.

No comments: