Sunday, May 6, 2007

ရန်ကုန် မိုး

သူ ငယ် ချင်း တစ် ယောက် က ဒီ နေ့ သတင်း စာ ဖတ် တော့ ရန်ကုန် မှာ မိုး ရေ ချိန် ၁၀ လက်မ ကျော်ကျော် ရွာ ခဲ့ တယ် လို့ ပြော သံ ကြား တယ်..၊ တိ တိ ကျ ကျ ဆို ရင် တော့ ၁၃.၅၄ လက် မ တဲ့.။ ရန် ကုန် က လမ်း မ တွေ ရေ တွေ လျှံ ကုန်ပြီး တော် တော် ဒုက္ခ ရောက် ကြ တယ် လို့ သိ လိုက် ရ ပါ တယ်။
အလုံ မှာ အိမ် ထဲကို ရေ ၀င် ပြီး ထရန်စဖော်မာ shock ဖြစ် ပြီး ထွက် လာ တဲ့ မီး ခိုး တွေ ကြောင့် လူ-၄ ယောက် သေဆုံး တာ ကို လည်း ဖတ် လိုက် ရ ပါ တယ်..။
၆.၅.၀၇ သတင်း စာ မှာ ပါ တာ ပါ.။
စိတ် လည်း မ ကောင်း ဖြစ် မိ ပါ တယ်။

ငယ် ငယ် တုန်း က ကျောင်း ဆင်း ချိန် တွေ မှာ မိုး တွေ အရမ်း ရွာ ပြီး လမ်း တွေ မှာ ရေ လျှံ ရင် အ ရမ်း ပျော် ခဲ့ ဘူး ပါ တယ်...။ က လေး သဘာဝ ရေ တွေ လွှမ်း နေ တဲ့ လမ်း တွေ ပေါ်မှာ ဆော့ ရ တာ အ ရမ်း ပျော် ခဲ့ဘူး ပါ တယ်..။ အဲ့ ဒီ့ တုန်း က ကျွန် တော် အိမ် ပြန် ရောက် ရင် အမေ တွေ..၊ အဒေါ် တွေ က ဆူကြ ပါ လေ ရော လေ...။ ကျွန် တော် ကတော့ မိုး ရွာ လို့ ရေ လျှံ တာ ကို အဲ ဒီ တုန်း က ဘာ မှ မ သိ ပဲ ပျော် ခဲ့ တယ် လေ..။

နည်းနည်း လေး အ ရွယ် ရောက် လာ တော့ ကျောင်း တတ် ၊ ကျောင်း ဆင်း ချိန် တွေ မှာ မိုး ရွာ ရင် သဘော မ ကျ ဖြစ် လာ ပြီ လေ.။ သွားရ ၊ လာ ရ ခက် တယ်..၊ ကျောင်း စာ အုပ် တွေ ရေ စို တယ်..၊ အဲ ဒီ တုန်း က မိုး အ ရမ်း ရွာ ရင် မီး ပျတ် တာ လည်း ရှိ တယ် လေ..၊( အဲ့ ဒီ တုန်း က အခု လောက် မီး မပျတ် တာ ကို လည်း ကျွန် တော် မှတ် မိ ပါ တယ်) ..၊ သွား စရာ..၊ လာ စရာ ရှိ ရင် တောင် မိုး ရွာ နေရင် တော် တော် ကသီလင်တ ဖြစ် ရ တာ လည်းရှိ တယ် လေ..။

တကယ်တမ်း တော့ မိုးရာသီ ဟာ ကျွန်တော် တို့ နိုင်ငံ အတွက် အရေး ပါ လှ ပါ တယ်..။ အဲဒါ ကို တော့ ငယ်ငယ် လေး ကတည်း က သဘော ပေါက်ခဲ့ တာပါ..။ ကျွန်တော် က မိုးရာသီ ကို မကြိုက်ဘူး လို့ ပြောခဲ့ တုန်း ကလူကြီး တွေ ပြောခဲ့ တာ လေး ကို ပြန် သတိရ ပါတယ်..၊ သဘာဝတရား အရ ရွာတဲ့ မိုး ကို သွား ပြီး အပြစ် တင် နေ လို့ မရ ဘူး ၊ ကိုယ့် အလုပ်ကို ကိုယ် ကောင်း အောင် ၊ ပြီး အောင် လုပ် ရ မှာပေါ့..၊ မိုးရွာ လို့ ဟို ရွှေ့ ၊ဒီ ရွှေ့ လုပ် လို့ မရ ဘူး ၊ ဆိုပြီး တော့ ပါ....။( အဲ့ဒီ တုန်း က ကျွန် တော် က မိုးရွာ ရင် ကျောင်း ပြေးချင်တယ်လေ..။ အဲ ဒါ မို့လို့ ပါ)။

အခု ကျတော့လည်း ရန်ကုန်ကြီး က လည်း အရင် အတိုင်း ပါ ပဲလေ..။ရေကြီးမြဲ ကြီးမြဲ....၊ သွားရလာရ ခက်မြဲ...။ဒီ ပို့စ် ရေးနေ တဲ့ အချိန် မှာပဲ နောက်ဆက်တွဲ ၀င် လာတဲ့ သတင်းတစ်ခု လည်းရှိ သေးတယ်။
ဒဂုံစင်တာကြီး အောက် ကို ရေ တွေဝင်လို့ တဲ့လေ..၊ ကြားရတဲ့ သတင်းတွေ မလန်းဆန်းပါ..။ ဘယ်လိုများရှေ့ဆက် သွားကြဦး မလဲ လေ..။



1 comment:

zyh said...

အရင်တုန်းကတော့ ရွှေမန်းနေပြည်မှာပဲ မိုးလေး ရွာရင် ရေလျှံတာ ကြားဖူးပါတယ်။
ခုတော့ တို့ရန်ကုန်လည်း ဓါတ်ကူးသွားပြီ နဲ့တူပါတယ်။ ရေလျှံတာ တွေကြားရရင် ငယ်ငယ်က ရေလျှံနေတုန်း မြောင်းကျွံတာ မှတ်မိနေတုန်းပဲ။
တော်တော်လေး လည်း အီတာကို။ :)
ဘယ်လိုဖြေရှင်းနိုင်မယ် ဆိုတာ အဖြေတော့ရတန်ကောင်းပါရဲ့။