Wednesday, May 16, 2007

တွေး မိ တွေး ရာ လေး များ - ၂

ဒီနေ့ ကံ မ ကောင်း ပါ..။
ည က အိပ် မက် မ ကောင်း လို့ နဲ့ တူ တယ်..။
အိပ် မက် ဆို တာ dream ပေါ့..။ လူ တိုင်း အိပ် မက် ဖူး ကြ မှာ ပါ..။
စွဲ လမ်း လို့ အိပ် မက် မက် တာ လို့ ပြော ကြ တယ်..။
အိပ် မက် ကို စွဲ လန်း ပြီး အ ပြင် မှာ ဥပါဒါန် တွေ ဖြစ် တတ် တာ တွေ လည်း ကြား ဖူး ပါ တယ်..။
အိပ် မက် မှာ အ ဆိုး ဖြစ် ရင် အ ပြင် လက် တွေ့ မှာ အ ကောင်း ဖြစ် မယ် လို့ ယူ ဆ တတ် ကြ ပါ တယ်..။
တကယ့် အ ပြင် မှာ ကော ကိုယ့် ရဲ့ စိတ် ထဲ က စိတ် ကူး အိပ် မက် က အ ဆိုး တွေ ဖြစ် လာ ရင် ကော ..။
မွေး ကင်း စ က လေး ငယ် လေး တွေ ရဲ့အိပ် စက် ချိန် တ၀က် ဟာ တကယ် တမ်းတော့ အိပ် မက် တွေ နဲ့ ပဲ ပြည့် နေ တာ တဲ့ လေ.။
ကျွန် တော် တို့ တွေ လည်း ငယ် ငယ် တုန်း က အိပ် မက် တွေ နဲ့ ကြီး ပြင်း လာ ခဲ့ ရ တာ ပေါ့ လို့ လည်း တွေး မိ ပါ တယ်..။စိတ် ပ ညာ ရှင် တွေ က တော့ ပြော ကြ တယ်..။ အိပ် မက် ဆို တာ မ သိ စိတ် ကို ဖော် ပြ တာ တဲ့..။
လက် တွေ့အ ပြင် လော က မှာ လည်း အိပ် မက် ကို စ ကား လုံး တွေ အ နေ နဲ့ လည်း သုံး စွဲ ကြ ပါ တယ်..။
'လွတ် လပ် ရေး အိပ် မက် " ဆို တဲ့ ဆို တဲ့ စ ကား လုံး ဟာ.. မြန် မာ့ လွတ် လပ် ရေး အတွက် ..တိုက် ပွဲ ၀င်ခဲ့ ရင်း နဲ့ သုံး စွဲ ခဲ့ ကြ ပါ တယ်..။ အ များ အ ကျိုး အ တွက် ပတ် သတ် ပြီး တော့ ပေါ် ပေါက် လာ တယ် လို့ ထင် ပါ တယ်..။
မာ တင် လူ သာ ကင်း က တောင် ပြော ခဲ့ သေး တယ် ..။
" ကျွန် တော့် မှာ အိပ် မက် တစ် ခု ရှိ တယ်..၊ "
သူ ပြောတာ ဟုတ် ပါ တယ်..။ လူ တိုင်း မှာ အိပ် မက် တွေ ရှိ ကြ ပါ တယ်..။
မျော် မှန်း မိ သ မျှ အ ရာ အား လုံး ဟာ အိပ် မက် တွေ ပါ ပဲ..။
လူ တိုင်း မှာ ရှေ့ ကို ဆက် ဖို့ dream ( အိပ် မက် ) ရှိ ဖို့ လို ပါ တယ်..။
ဒရင်းမ် (Dream) ဆို တာ ပျောက် နေ ရင် ရှေ့ ဆက် ဖို့ လမ်း ပျောက် နေ သ လို ခံ စား ရ ပါ လိမ့် မယ် လို့ ထင် ပါ တယ်..။

စာ မေး ပွဲ လည်း နီး နေ ပြီ..။အာရုံ တွေ စုရ တော့ မယ်..။
ကျွန် တော် လည်း အိပ် မက် တွေ အ တွက် လှုပ် ရှား ရ ဦး မှာ ပေါ့ လေ..။
စိတ် ထဲ မှာ တွေးမိ တွေး ရာ လေး တွေ ပါ ..။
အိပ် မက် လှ လှ မက် နိုင် ကြ ပါ စေ...။

1 comment:

ယူဆဂိ said...

ဒီနေ့က ကျမလည်း ကံမကောင်းပါ။ ဆိုးဆိုးရွားရွားပါဘဲ။
Dream လား.. တကယ်တော့ dream ဆိုတာ dream ပါဘဲ။
Dream ဆိုတာ.. နှိုးသွားရင် ပျောက်ပျက်သွားတာမျိုးပါ။