Friday, May 18, 2007

မ က လိ ချင် တော့ ပါ....!

တ နေ့က ရဲ့ တစ်နေ့ လုံး ကို တော် တော် လေး ကို မော သွား တယ် ဗျာ..။
အဲ့ဒီ ည တုန်း က က လိ တာ လက် လွန် သွား တာ ၀င်း ဒိုး တောင် ချ လိုက် ရ တယ် ဗျာ..။
ကျွန် တော် က လိ တာ ကို လည်း ကြည့် ဦး လေ..။ ၀င်း ဒိုး ကို ၃-ခု လောက် တင် ပစ် ချင် တာ လေ..။ ဘယ် လို စိတ် ကူး ပေါ် လာ တယ် ဆို တာ ကို ကိုယ့် ကိုယ် စဉ်း စား လို့ မရ လိုက် ဘူး ..။ ထုံး စံ အ တိုင်း အား လုံး တစ် ခု မှ မပေါ် တော့ မှ ' သြော် ..၊ ငါ မှား ပါ ပေါ့ ..." ဆို ပြီး တော့ နောင် တ ရ လိုက် တယ် လေ..။
ကျွန် တော် က တ ကယ် တမ်း က ဘာ မှ ကို မ ဟုတ် တာ လုပ် တာ လေ..။ ၀င်း ဒိုး ကို ၃-ခု တင် မယ် ဆို ပြီးရှိ နေ တဲ့ data တွေ ကို external ထဲ ကို ပြောင်း ထည့်...၊ပြီး တော့ Hiren BootCd ကို သုံး ပြီး တော့ HDD ကို format ရိုက် ပြီး တော့..parattion တွေ ခွဲ ပစ် လိုက် ရော..။ ဘာ ဆက် လုပ် လည်း ဆို တော့..၊ အရင် တုန်း က တွေ့ ထား တဲ့ How to triple boot (XP,Vista and Ubuntu) ဆို တာ ကို စမ်း ပါ လေ ရော..။ အဲ့ ဒီ မှာ ubuntu တင် နေ ရင်း နဲ့ ရှေ့ ကို ဆက် မ တတ် တော့ ဘူး ဗျာ..။ စောင့် လိုက် သေး တယ်...၊ ဒီ လို ပဲ ကြာ တယ် နေ မှာ ပါ လေ ဆို ပြီး တော့ ပေါ့..။ အဲဗျာ သ ကောင့် သား ubuntu က မ ဟုတ် ဘူး ဗျို့...၊ ၅၈% မှာ တန့် နေ လိုက် တာ လုံး ၀ ကို မ လှုပ် တော့ တာ လေ..။ အဲ ဒါ နဲ့ restart ပေး လိုက် ပြီး တော့ ပြန် တတ် လာ တော့ bios မှာ HDD လေး ကို မ တွေ့ တော့ ဘူး ..။ ဟ ကိုယ် ကျိုး တော့ နဲ ပြီ ပေါ့...၊ တတ် သလောက် လေး နဲ့ လုပ် ကြည့် သေး တယ်..။ မ ရ ပေါင်..။ အဲ ဒါ နဲ့ ၀င်း ဒိုး ပြန် တင် ရင် တော့ ရ မှာ ပါ ကွာ လို့ ပြန် အား ပေး ပြီး တော့ CD ထည့် ပြီး တော့ စမ်း ပြန် ရော..။ ဗု ဒ္ဗေါ ရေ ..၊ ၀င်း ဒိုး က ပြော တယ်..။ မင်း မှာ HDD မ ရှိ ပဲ နဲ့ ဘာ အကြောင်း နဲ့ ငါ့ ကို သုံး ချင် ရ တာ လည်း ကွ တဲ့ လေ..။
စာ ကြည့် နေ တာ လေး တောင် ဘယ် ရောက် သွား မှန်း ကို တောင် မ သိ လိုက် တော့ ပါ ဘူးဗျာ..။ နာ ရီ ကြည့် တော့ မ နက် ၂-နာ ရီ ရှိ နေ ပြီ လေ..။ စိတ် မှာ က တော့ ...ထူပူ နေ လို့ လား တော့ မ သိ ပါ ဘူး ဗျာ.......၊ စော သေး တာ ပဲ....၊ မ နက် လောက် တော့ ရ မှာ ပါ ... ဆို ပြီး သူ ငယ် ချင်း စက် မှာ HDD လေး ကို တပ် ပြီး စမ်း တော့ အ ကုန် လုံး ရှိ နေ ပြန် ရော..၊ ပြန် ဖြုတ် ပြီး တော့ နောက် တစ် ခါ စမ်း ပြန်ရော...။ ပြန် တွေ့ တာ နဲ့ ပျော် သွား တာ နဲ့ ..၊ ၀င်း ဒိုး တင် လိုက် တာ ပေါ့.. C ပေါ် မှာ install ပါ လို့ ပြော ပြီး တော့ ..ခ ဏ နေ တော့ ၀င်း ဒိုး က မ တတ် တော့ ပြန် ဘူး လေ..။စိတ် များ ရယ် ညစ် ရ ပါ တယ် လို့ ညီးပြီး တော့.. အ လျော့ မ ပေး သေး ဘူး လေ..၊ " အာ ..၊ ဒီ လောက် တော့ google လိုက် မှာ ပေါ့ ကွာ ......." ဆို ပြီး ရှာ လိုက် တာ..... တွေ့ မယ့် တွေ့ တော့ လည်း... အ များ ကြီး ဘဲ လေ..။ virus ကိုက် လို့ bios ပျောက် သွား တာ တို့..၊ cable တွေ လွတ် နေ လို့ များ လား ..၊ ပြန် ကြည့် ပါ ဦး ဆို တာ တို့..၊ အောင် မ ငီး............၊ လို့ တ ပြီး တော့ လိုက် လုပ် ကြည့် ပါ သေး တယ်..။ မ နက် က လည်း လင်း နေ ပြီ လေ..။ ၄ နာရီခွဲ တော့ မယ် လေ....၊ အာ မ ဖြစ် သေး ပါ ဘူး.....၊ အိပ် ဦး မှ ပါ....၊ တော် ကြာစာ မေး ပွဲ ခန်း ထဲ မှာ မ ဖြေ နိုင် ရင် ဒု က္ခ .......... ဆို ပြီး ဘု ရား ရှိ ခိုးပြီး ဆု တောင်း လိုက် သေး တယ်...၊ ပြန် ရ ပါ စေ ဘု ရား......၊ တ ပည့် တော် မှာ HDD ပြန် ၀ယ် ဖို့..ပိုက် ဆံ မ ရှိ သေး လို့ ပါ ကယ် တော် မူပါ ဦး ဘု ရား..၊ဆို ပြီး တော့ လေ..။
အဲ မ နက် ကျ တော့ ကျောင်း ကို က မန်း က တန်း ပြေး...၊ စာ သင် ခန်း နား ရောက် တော့ ဆရာ က ကိုယ့် နောက် မှာ ပဲ ရှိ သေး တယ် လေ...၊ ဆရာ့  ကို တောင် ၀င် မ တိုက် တာ ကံ ကောင်း လို့ မှတ် ရ တယ်...၊ သြော်.............၊ အ ပူ အ ပင် တွေ .......၊ တယ် ဒု က္ခ ကြီး ပါ လား ဆို ပြီး တော့ တောင် တွေး လိုက် သေး ရဲ့.......။ တကယ် .........၊ တ ကယ် .....။ စာ မေး ပွဲ ဖြေ နေ တုန်း လေး မှာတော့ ပျောက် သွား လိုက် သေး တယ်....။ စာ မေး ပွဲ လည်း ပြီး ရော......၊ အ ပြင် ထွက် တော့ခေါင်း ပေါ် ကို ဖုတ် ခ နဲ ပြု တ် ကျ လာ တော့ ဘာ ပါ လိမ့် ဆို ပြီး ကြည့် တော့ ........၊ အား ပါး ပါး........၊ ကျွန် တော့် HDD က နတ် သား ၀တ် စုံ နဲ့ဗျ.........။ လူ ကို တောင် ရီ ပြ လိုက် သေး တယ် ....... ကိုယ် တော် ချော က.....။ လမ်း လျောက် ရင်းနဲ့ ကို စဉ်း စား လာ တာ......၊ HDD ပြန် ၀ယ် ရ ရင် တော့... ငါ့ Laptop အ စီ အ စဉ် လေး တော့ ပျတ် ပါ ပြီ ကွာ ပေါ့ လေ......။ အ ခန်း ပြန် ရောက် တော့ hdd နတ် သား လေး ကို ခ ဏ လေးချောင် ပို့ ပြီး တော့ ၀မ်း ရေး အ တွက် ပြင် ရ ပြန် ကော..။ ပြီး တော့ pc ကို မ ပြင် ချင် သေး တာ နဲ့ ဘလော့ခ် တွေ လိုက် ဖတ် လိုက် ပစ် လိုက် တယ် လေ..။ ပြီး တော့ ခေါင်း အေး အောင် ခ ဏ လောက် တော့ ဦး နှောက် ကို အ နား ပေး ဦး မှ ကွာ ဆို ပြီး တော့ တ ရေး လောက် မှေး လိုက် သေး တယ်လေ..။
သူများ တွေ က စာ လုပ် နေ ပြီ....... ၊ ငါ့ မှာ တော့ ဒီ problem ကို ဆက် ရှင်း ရ ဦး မယ် ကွာ လို့ အား တင်း ပြီး တော့....၊ ဘယ် လို လုပ် ရ မယ် ဆို တာ စဉ်း စား နေ တုန်း.......၊ ကျွန် တော့် သူ ငယ် ချင်း တစ် ယောက် ကို တွေ့  တာ နဲ့ မေး ကြည့် တော့ ......၊ လုပ် စ ရာ တစ် ခု ရှိ သေး တာ ပဲ ဆို တာ သိ လိုက် တယ် လေ........။ ဒီ ကောင် ကို ကျေး ဇူး တင် ရ မယ် လို့ ပြော ရ မှာ ပါ.......။ ဒီ ကောင် က လည်း ကျွန် တော် လို ပဲ အ ဖျတ် သ မား........( အဲ သူ က ဖျတ် ပြီး ရင် ပြန် လုပ် တတ် တယ်.....၊ ကျွန် တော် က တော့ မ ဟုတ် ပေါင်........၊ အ ရပ် ကူ ပါ........၊ လူ ၀ိုင်း ပါ ဆို တဲ့ ကောင် ) ...။ bios flash မှာ bios battery ကို ပြန် ဖြုတ် ပြီး ပြန် တပ် ဖို့ ပါ...။ သူ ပြော လိုက် တာလေး က သူ့ အ တွက် ဘာ မှ လေး ကို မ ဟုတ် လိုက် ပေ မယ့်........၊ ကျွန် တော့်  အ တွက် တော့ တ ကယ့် ကို တ အား ဖြစ် ရ ပါ တယ် ..။ နောက် ဆုံး တော့ အ တို ချုံး ပြော ရ ရင် တော့ အ ခု ပို့စ် ကို ရိုက် နေ ချိန် မှာ တော့ ကျွန် တော် ၀င်း ဒိုး ပြန် တင် နေ ပါ ပြီ လေ..။ အ ခု ပို့စ် ကို သူ များ စက် က နေ ရိုက် ပြီး တင် လိုက် တာ ပါ...။ ၀င်း ဒိုး တင် ပြီး ရင် တော့ မ က လိ တော့ ဘူး လို့ တော့ စဉ်း စား ပြန် ပြီ လေ...။ ဘယ် နှ ခါ ရှိ ပြီ လည်း ကို မ သိ တော့ ပါ ဘူး ဗျာ.....။ နောက် တော် တော် လေး ကြာ ရင်... အ မှတ် မ ရှိ ပြန် လုပ် ဦး မယ်...။ ubuntu ရော ဂါ က လည်း ပြန် ထ မှာ မြင် ပါ သေး တယ် ဦး သိန်း ရာ ..........။

မှတ် ချက်: : ကျွန် တော် ရဲ့ က လိ ချင် တဲ့ စိတ် လေး တစ် ခု ကြောင့် ဒီ လို ဖြစ် ပေါင်း မ နည်း တော့ ပါ...။ ဘာ မှ လည်း ဖြစ် မ လာ သေး ပါ ခင် ဗျာ..။ နောင် ၀င်း ဒိုး တင် ရင် အ ခုလို ကိ စ္စ တော့ မ ဟုတ် တော့ မှာ သေ ချာ ပါ တယ်.. ။

1 comment:

PYAE PHYO said...

ဟဲဟဲ.. ကြုံဖူးတယ်။အနော်ကတော့ လစ်သွားတာဗျ။အဟီး.........