Wednesday, May 16, 2007

solitary

solitary

ဘ၀ကို တစ်ခါတစ်ခါ

အပေါ်စီးက ငုံ့ကြည့်ရတော့လည်း
သိပ်မဆိုးလှဘူးလို့ ထင်လာတယ်...။

ဖျားနာမှုကိုမှာ မစားသောက်ရင်
တစ်နေ့တစ်နေ့ ဘာလုပ်ရမှာလဲ...?

မြစ်ဘေးက သစ်ပင်လို
သူများတွေ စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့။

ဒါမှမဟုတ်
ပိုက်ဆံတတ်နိုင်တဲ့ အခါကျရင်
ရောဂါတစ်ခုရဲ့ နာမည်ကို ၀ယ်ယူပြီး
ကိုယ့်ကိုကိုယ် စိတ်ပူကြည့်နေချင်တယ်...။

လူတွေက
တစ်ခါ တစ်ခါ လဆန်းလိုက်
တစ်ခါ တစ်ခါ လဆုတ်လိုက်နဲ့
သူတို့ရဲ့ စိတ်ဒီရေက
အတက်အကျ ရှုပ်လွန်းတော့လည်း
ကိုယ့်သင်္ဘောကိုယ်
ဘယ်လို ခုတ်မောင်းရမယ်မှန်း မသိတော့ပြန်ဘူး။

“ချော်လဲရောထိုင် ကြေကွဲတတ်သူတွေ မလာရ”
ငါ့ ဈာပနကို
ငါ တစ်ယောက်တည်း ချမယ်။

လောလောဆယ်မှာ
လိုလိုမည်မည်
ငါ စဉ်းစားကြည့်နေမိတာကတော့
အခုတည်ခင်းတဲ့ ညစာကို
နာမည် ဘယ်လိုပေးရင် ကောင်းမလဲ ဆိုတာကိုပဲ.

မင်းခိုက်စိုးစန်

မ နိုင်း နိုင်း စ နေ ဆီ က တွေ့ လို့ သဘော ကျ လို့ တင် ထား တာ ပါ..။


2 comments:

ယူဆဂိ said...

ဒီကဗျာကို ဖတ်ပြီးပြီးချင်း comment မရေးဘဲမနေနိုင်လောက်အောင် နှစ်သက်လို့ ရေးလိုက်ပါတယ် azure ရေ။
ကောင်းလိုက်တဲ့ ကဗျာ

နိုင်းနိုင်းစနေ said...

ယူသုံးပါ ရပါတယ်
မင်းခိုက်စိုးစန်က အများဖတ်ရအောင် ရေးခဲ့တာပါ
ကျွန်မလည်း အများဖတ်ရအောင် ဘလော့ဂ်မှာ တင်ခဲ့တာပါ
ခံစားချက်ခြင်းတူရင် ယူပါ သုံးပါ ဖတ်ပါး)
ကျေးဇူး